Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 September 2013

ဂမ်လန်ရာဇီ တောင်ထိပ်သို့ မြန်မာ-အမေရိကန် တောင်တက်အဖွဲ့ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့


မြန်မာ-အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကချင်ပြည်နယ် မှာရှိတဲ့ ဂမ်လန် ရာဇီတောင်ကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့ပြီး
စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့ ကြတယ်လို့ သိရပါတယ်။ အဆိုပါ ဂမ်လန်ရာဇီ တောင်ဟာ ကချင်ပြည်နယ် မှာရှိပြီး  လူတစ်ဦး တစ်ယောက်မျှ တက်ရောက် နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဂမ်လန်ရာဇီတောင်ရဲ့ အမြင့်ဟာ ပေပေါင်း ၁၉၁၄၇ ရှိပြီး ပထမဆုံး အကြိမ် မြန်မာနိုင်ငံမှ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တောင်တက် အဖွဲ့မှာတော့ မြန်မာလူမျိုး ၁၂ ယောက်နဲ့ အမေရိကန် နိုင်ငံမှ တောင်တက်သမား ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာ-အမေရိကန် တောင်တက် အဖွဲ့ဟာ ဂမ်လန်ရာဇီ တောင်တက်ခြင်း လုပ်ငန်းကို သြဂုတ်လ ၁၅ ရက်နေ့ကစပြီး စက်တင်ဘာလ ၇ ရက်နေ့မှာတော့ မြန်မာတစ်ဦးရဲ့ အမေရိကန် ၅ ဦးပါဝင်တဲ့ မြန်မာ-အမေရိကန် တောင်တက် အဖွဲ့ဟာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့ကြပါတယ်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံ တောင်တက် အဖွဲ့ကို အဓိက ပံ့ပိုးမှုမှာ Htoo Foundation မှ ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မှာတော့ ပြန်လည် ရောက်ရှိလာတဲ့ တောင်တက် အဖွဲ့ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ Htoo Foundation အဖွဲ့သားများမှ ခမ်းခမ်းနားနား ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့