သြဂုတ်လ ၊ ၁၈ ရက်နေ့ က မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွှေဘုံသာရပ်၊
ရဲသင်တန်း ကျောင်းအနီး မှာ ရဲတပ်ကြပ် တစ်ဦးက အသက် ၆၅ နှစ်အရွယ် အမျိုး
သမီးကြီး တစ်ဦးကို ခဲနဲ့ ထုနှက်ရိုက်ခဲ့ပီး သတိမေ့ သွားချိန်မှာ ရွှေထည် ပစ္စည်းတွေ ကို
ယူဆောင်သွားခဲ့တဲ့ အမူ့ ဖြစ်ပွားခဲ့ပါတယ်။ အခုဖြစ်ပွား ခဲ့တာနဲ့ ပက်သက်ပီး ရိုက်နှက်
မူ့ ကျူးလွန်ခဲ့ သူကို ရေနံချောင်း ရဲစခန်းမှာ ဖမ်းဆီး အမူ့  ဖွင့် ထားပါတယ်။
ရိုက်နှက်ခံရသူ ဒေါ်ဝင်းမြင့် ကတော့ ဒဏ်ရာတွေကြောင့် မကွေး ပြည်သူ့  ဆေးရုံမှာ
တင်ထားရပါတယ်။ အခုအဖြစ်အပျက်နဲ့ ပက်သက်ပီး ရိုက်နှက်ခံရသူ ကာယကံရှင်ကို
ဆေးရုံပေါ်မှာ သွားရောက်မေးမြန်းထားပါတယ်။ DVB TV News

No comments:
Post a Comment