Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

(((((( ခိုဝဲမျက်ရည် စိုပလေ့စေ ))))))


အနေတင့်    ...   လေလွှင့် ကြမည်
မြေနိမ့်မှသည်  မြင့်ရာဆီ
နှလုံးကိုကြည့်  စိတ်ကိုတည့်၍
မမောမပန်း  ဆူးခင်းလမ်းလည်း
မသွေဖီ......

ဓါးတောင်ကျော်၍  မီးပင်လယ်ဖြတ်မည်
လောင်စာကုန်ခမ်း အလင်းနွမ်းလည်း
နှလုံးသားမီးအိမ် ထွန်း၍ချီမည်

မမောမပန်း  တို့ခရီးလမ်း......

..........
......
....
ခဲရာခဲဆစ် ရလာသည့်ဒီအသက်
တစ်ကိုယ်ရည် အတွက်
ပျော်တော်ဆက် သက်သက်လား
မိသားစုအလယ် တင့်လှရုံပေလား
ဆူကြုံ့နိမ့်မြင့် ပတ်သက်ဆက်နွယ်
အားလုံးအတွက်ပေလား
ကိုယ့်ကို ကိုယ်ဆန်းစစ်
အသိသတိ သာတူညှိ၍ 
လက်ကျန်အသက် ဖြင့် ခရီးဆက်ရတော့မည်
ရေပွက် တစ်ချက် ဆိုပေမယ့်လည်း
ခြေလှမ်းမှန်ရင် ငြိမ်းချမ်းရာသို့ တိုင်
တို့တတွေ ခိုဝင်နိုင်ပါတယ်လေ......
ခြေတစ်လှမ်း ကုဋေတစ်သန်း
ခြေတစ်လှမ်းမှားခဲ့ရင်
ကုဋေတစ်သန်း တန်ဖိုးမဲ့ သွားမယ်
ခြေတစ်လှမ်းမှန်ရင်  ကုဋေတစ်သန်းပိုင်ဆိုင်မယ်...
အဆုံးအဖြတ်
ဘဝကိုလောင်းကြေးထပ်
ကကြရတဲ့ဒီပြဇာတ်
အမှောင်ဆုံးဆိုပေမယ့်
သန်းခေါင်ထက်  ညဉ့်မနက်
အလင်းတွေတိုး   ရောင်နီဖြိုးတော့မယ်
ခိုဝဲမျက်ရည် စိုပလေ့စေ
မကြောက်ပါနဲ့  ရင်သွေးငယ်.......
အားလုံးကိုလေးစားလျက်ပါ......ေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့