Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

သင်စိတ်မ၀င်စားသော - သင့်ဘ၀ရဲ့အချိန်



ဒီဆောင်းပါးလေးကို ဖတ်ဖို့ပေးလိုက်ရတဲ့အချိန်တွေဟာ တန်ဖိုးရှိနိုင်ကြပါစေ။ ပြီးတော့ တစ်ခုကြိုပြောပါရစေ ဒီစာလေး
ကို ပြီးအောင်တော့ ဖတ်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်။



သူငယ်ချင်းတို့ တစ်ခုသတိထားမှိမလား "တစ်နေ့ကို ၈ နာရီအိပ်တဲ့သူဟာ သက်တမ်း ၆၀ နေရမယ်ဆိုရင် နှစ် ၂၀ လုံး
အိပ်ပစ်လိုက်တာပဲ"တဲ့ ကျွန်တော်ဒီစာသားကို တွေ့ရတဲ့အချိန်မှာ စဉ်းစားစရာတွေ ပေါ်လာပါတယ် သက်တမ်း ၆၀ မှာ
နှစ် ၂၀ အိပ်လိုက်မှတော့ နောက်ထပ် နှစ် ၄၀ ပဲရှိတော့မယ် အဲဒီနှစ်၄၀ မှာကိုယ့်ဘ၀အတွက် ကိုယ့်မိသားစု ကိုယ့်
ပတ်ဝန်းကျင် အတွက် ကိုယ်ဘယ်လောက်ထိ ပေးဆပ်နိုင်ခဲ့ပြီးပြီလဲ နောက်ထပ်ကောဘယ်လောက်ထိ ပေးဆပ်နိုင်အုံး
မလဲ နောက်ပြီး ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေထဲမှာ လောကကြီးအကြောင်းဘာမှန်းမသိ ညာမှန်းမသိနဲ့ ဖြတ်သန်း
ခဲ့ ရတဲ့အချိန်တွေဟာ ၁၀ နှစ် ၁၅ နှစ်ထက်မနည်း ဖြတ်သန်းခဲ့ကြရပါတယ်။



လူ့လောကကြီးအကြောင်း တဖြေးဖြေးနားလည်လာတဲ့ ခုချိန်မှာ ကိုယ်ဘာတွေလုပ်နေလဲ ကိုယ်လုပ်နေတဲ့အရာတွေက
ကိုယ့်ဘ၀အတွက် လောကကြီးအတွက် ဘယ်လောက်ထိအရေးပါသလဲဆိုတာ စဉ်းစားကြည့်ဖို့ လိုနေပါပြီ တကယ်
တော့ သက်တမ်း ၆၀ဆိုတာ သဘောပြောတာပါ။



သေချာတွေးကြည့်ရင် "မနက်ဖြန်ထက် နောက်ဘ၀ဆိုတာက ပိုနီးပါတယ်"။



ခုဏက ပြောခဲ့တဲ့ထဲမှာ မေးစရာရှိနေပါတယ် အဲဒါက ပညာသင်နေတဲ့ အချိန်တွေက ကိုယ့်ဘ၀အတွက် မဟုတ်ဘူး
လားဆိုတဲ့မေးခွန်းပါ ကျွန်တော့အဖြေကတော့ မဟုတ်ပါဘူးလို့ ဖြေမှာပါ ဘာလို့လဲဆိုတော့ ပညာတွေတတ်ပြီး လောက
ကောင်းကျိုး ကိုယ့်ဘ၀ကောင်းကျိုး အတွက် ဘာမှမလုပ်ရင် အလကားပါပဲ လောကကြီးမှာ ပညာတတ်လူမိုက်တွေ
အများကြီးရှိပါတယ် ပညာသင်ယူနေတဲ့အချိန်တွေဟာ လောကကောင်းကျိုး ကိုယ့်ကောင်းကျိုးအတွက် ပံပိုးပေးနိုင်ဖို့ရာ
ကုန်းကြမ်းသက်သက်ပါပဲ အဲဒီကရလာတဲ့အတတ်ပညာနဲ့ အသိပညာပေါင်းစပ်ပြီး လက်တွေ့အသုံးချနိုင်မှ တန်ဖိုးရှိမှာပါ။



လိုရင်းကိုပြောရရင် အချိန်ကို အကျိုးရှိအောင် အသုံးချပါတန်ဖိုးထားပါ "ဘ၀ဆိုတာ အချိန်မပါပဲ ဘ၀ဖြစ်လို့မရပါဘူး။
ဘ၀ကိုတန်ဖိုးထားရင် အချိန်ကိုလည်း တန်ဖိုးထားရပါလိမ့်မယ်။


“အချိန်ကိုဖြုန်းလိုက်တာနဲ့ ဘ၀ကိုပါ ဖြုန်းပြီးသာ ဖြစ်သွားပါပြီ"


ဒါကြောင့် ကိုယ်ရရှိထားတဲ့ ဘ၀ ရှောက်ရှိနေတဲ့ အချိန်မှာ လောကကောင်းကျိုး ကိုယ့်ဘ၀ကောင်းကျိုးတွေကို အချိန်
မဖြုန်းပဲ တတ်နိုင်သရွေ့ လုပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွဲ နွားစတဲ့ တိရစ်ဆာန်တွေက စွန်ပစ်လိုက်တဲ့
မစင်တွေကတောင် လူတွေစားသုံးနေတဲ့ ကောက်ပဲသီးနှံတွေအတွက် မြေသြဇာအဖြစ် အသုံးဝင်သေးရင် ကျွန်တော်တို့
လူတွေကကိုယ့်ပတ်ဝန်းကျင်အတွက် ပိုပြီးအသုံးဝင်နေဖို့လိုပါတယ်။



ဒါမှ လူပီသပြီး ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေမှာ လေးနက်တဲ့ အဓိပါယ်တွေနဲ့ ကျေနပ်စရာ ကောင်းလိမ့်မယ်လို့ ကျွန်တော
်ခံစားမိပါတယ်။ သူငယ်ချင်းတို့လဲ ဒါကိုခံစားမှိမှာပါ ဒါကြောင့် မနက်ဖြန်ထက်သေချာတဲ့ ဒီနေ့ဆိုတဲ့အချိန်တိုင်းမှာ
သူငယ်ချင်းတို့ဘ၀ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး အဓိပါယ်ရှိစွာ ဖြတ်သန်းနိုင်ကြပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့