Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

***ကျန်ရစ်ခဲ့သော အလွမ်းများ ***


ဘ၀က
ညထက်ပိုပြီး
အကျည်းတန်နေသလို....
ဟိုမှာဘက်ကမ်းက
ပန်းချီကားကို
ဒီမှာဘက်ကမ်းက
တမ်းတနေရသလို.....
လမင်းမရှိတဲ့
ညကို
ကြယ်စင်တွေနဲ့
အစားထိုးမရသလို...
ကောင်းကင်ကို
ရည်ရွယ်ပျံသန်းရင်း
တိမ်ခွင်းခံရတဲ့
ငှက်တစ်ကောင်လို....
အရာအားလုံးဟာ
ပြီးဆုံးသွားချိန်မှာတော့
ငါဟာ
ရှုံးနိမ့်ခြင်းရဲ့ တစ်ဖက်ကမ်းမှာ
တစ်ယောက်တည်း....
တောင်းဆိုပါရစေ
တကယ်ပါ
နောက်ဆုံးထွက်သက်ထိ
မင်းချစ်သူနဲ့အတူ
ထွက်ခွါသွားတဲ့
မင်းခြေသံတွေ
ငါ
နာကျင်စွာ
သတိရနေပါရစေ.....ကွယ်..။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့