Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

ရီစရာ ဟာသလေးများ


အရက်သမားဆင်ခြေ


၁)
မိန်းမ - ရှင်အတော့်ကိုမူးနေတာ လမ်းတောင်မှန်အောင်မလျှောက်နိုင်ဘူး။ ခဏခဏလဲနေတာပဲ။
ယောက်ျား - မင်းတို့တွေက အကြင်နာတရားကို နားမလည်ဘူးပဲ။ မြေကြီးက သူ့ကိုဖက်ထားပါဆိုလို့ ငါကစေတနာ
နဲ့ ဖက်ထားရတာ။



၂)
မိန်းမ - မနေ့က အရက်တစ်မျိုးသောက်တော့ ဘဲကင်ကို အမြည်းလုပ်ခိုင်းတယ်။ ဒီနေ့နောက်တစ်မျိုးသောက်တော့
ချိစ်နဲ့အာလူးကြော်။ ရှင်အမြည်းကို ဘာဖြစ်လို့ထည်လဲပြောင်းပြီး စားနေရတာလဲ။

ယောက်ျား - မင်းလည်းဘာထူးလဲ။ မနေ့ကမင်္ဂလာဆောင်သွားတော့ ဖိနပ်တစ်မျိုး။ ဒီနေ့ အလှူသွားတော့
နောက်ဖိနပ်တစ်မျိုး။ အမျိုးမျိုးထည်လဲ စီးနေတာပဲ။


၃)
မိန်းမ - ရှင်လည်း တစ်နေ့တစ်နေ့ ဒီအရက်သောက်တာ ပိုက်ဆံကုန်ပါ့တော်။
ယောက်ျား - ဒါစုဆောင်းထားတာကွ။ ပုလင်းခွံတွေများလာတဲ့အခါ ပြန်ရောင်းတော့ ငွေပြန်ပေါ်မှာပေါ့ကွာ...






စစ်တပ်ဟာသများ


ဆရာ - ဘယ်မြေပြင်အနေအထားက ထိုးစစ်ဆင်လို့အကောင်းဆုံးလဲ?
ဗိုလ်လောင်း - ခုခံမယ့်ရန်သူမရှိတဲ့ မြေပြင်မှာပါ..


ဆရာ - တင့်ကားတွေထဲမှာ ဘယ်အမျိုးအစားက ရန်သူ့ရဲ့တိုက်ခိုက်မှု အန္တရာယ်က အကာကွယ်နိုင်ဆုံးလဲ?
ဗိုလ်လောင်း - အမြန်ဆုံး မောင်းပြေးနိုင်တဲ့ တင့်ကားပါ...


ဆရာ - စစ်တပ်မှာ ဘယ်သူတွေကို လေ့ကျင့်ပေးရတာ အခက်ခဲဆုံးလဲ?
ဗိုလ်လောင်း - ဗိုလ်ချုပ်တွေပါဆရာ။ စစ်သား ထောင်ဂဏန်းလောက်စတေးပြီး လေ့ကျင့်မှ ဗိုလ်ချုပ်တွေဖြစ်လာတာပါ။


ဆရာ - ရန်သူ့နယ်မြေထဲဝင်တော့မယ်ဆိုရင် ရန်သူဘယ်နားမှာရှိမလဲ ဘယ်လိုသိနိုင်မလဲ?
ဗိုလ်လောင်း - ရန်သူ့နယ်မြေအတွင်းထဲအထိ ဝင်သွားပါမယ်။ ပေါက်ကွဲသံ (သို့) သေနတ်သံ ကြားရပြီဆိုရင် ရန်သူ့
ရှိရာကို ရောက်ပါပြီ...







~ ကားပစ္စည်းဝယ်သည်။ဆိုတဲ့ဆိုင်းဘုတ်တစ်ခုရှေ့တွင်ဖြစ်သည်။ ~


အထုပ်ကြီးတစ်ထုပ်နှင့် လူစိမ်းတစ်ဦးမှပစ္စည်းဝယ်သူသို့
" နောင်ကြီး ဒီဆိုင်မှာ ဘယ်လိုကားပစ္စည်းတွေ ၀ယ်သတုံးဗျ.."

ဆိုင်ရှင်။ ။ ဘယ်လို ကားပစ္စည်းမဆို ၀ယ်တယ်

လူစိမ်း။ ။ အဲဒါဆို ကျုပ်ကားပစ္စည်းတစ်ခုရောင်းချင်လို့

ဆိုင်ရှင်။ ။ ဟုတ်ပါပြီ။ အင်ဂျင်လား၊ဘော်ဒီလား၊ ပြပါဦး။

လူစိမ်း။ ။ မဟုတ်ပါဘူး။ကျုပ်ရောင်းချင်တာက "ဂျမ်းတုံး"







မြို့သား - ငါတို့မြို့မှာ အခုနောက်ပိုင်း လူစည်ကားတဲ့နေရာတွေမှာ ရွေ့ပြောင်းနိုင်တဲ့ အိမ်သာတွေ တပ်ထားတယ်ကွ။
သုံးရတာ အဆင်ပြေအောင်။


တောသား - အိုး.. ဒါဆိုမင်းတို့မြို့သားတွေအရင်က အိမ်သာတက်ရင် မရွေ့မပြောင်းဘဲ နေရာတစ်ခုတည်းကို ထပ်ကာ
ထပ်ကာ သုံးကြတာပေါ့ဟုတ်လား။ ရွံ့စရာကောင်းလိုက်တာကွာ.. ငါတို့ဆီမှာတော့ တောစပ်မှာ အလေးသွားရင်
ဘယ်သူမှ နေရာတစ်ခုတည်းကို နှစ်ခါမသုံးဘူး။






သုတေသနစာတမ်း၏ ကျေးဇူးတင်လွှာ


ဤသုတေသနစာတမ်း ဖြစ်မြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်မိဘနှစ်ပါး၊ မူလတန်းမှသည် ဘွဲ့လွန်
အထိ ပညာသင်ကြားပေးခဲ့ကြသော သင်ဆရာ၊ မြင်ဆရာများ များကို အထူးပင်ကျေးဇူးတင်ပါသည်။ အထူးသဖြင့်
အဖက်ဖက်မှ လိုလေးမရှိကူညီခဲ့ကြသော Google နှင့် wikipedia ကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း။


ပုံ/ သုတေသီ







Q - ဂျက်ကီချန်းလာရင် ဘယ်လိုကြိုဆိုဖို့ပြင်ဆင်ထားလဲ??
A - အားကောင်းမောင်းသန် ယောက်ျား ၁၀ ယောက်လောက် တုတ်ကိုယ်စီနဲ့ပြင်ထားတယ်။ ရုပ်ရှင်ထဲမှာဆို
၁၀ ယောက်လောက်လည်း သူကလွတ်အောင်ပြေးနေကြပဲ။ စွမ်းဆောင်ရည်ပြရတာပေါ့..



Q - ဒါဆို ရမ်ဘိုတို့၊ ချက်နောရစ်တို့၊ ဗန်ဒိန်းတို့လာရင်ကော..
A - သူတို့ဆိုရင်တော့ မရဘူး။ သူတို့က တစ်မြို့လုံးနဲ့တစ်ယောက်လည်း သူတို့ပဲနိုင်တာ။ လွှတ်ထားလိုက်မှ။
မဟုတ်ရင် တစ်မြို့လုံးပြောင်သွားမယ်...






"လင် နဲ့  မယား"

ညတစ်ညတွင် မိန်းမဖြစ်သူမှ ယောက်ျားကို နှိုးသည်... "ယောက်ျား...ထစမ်းပါဦး... ကျွန်မ အိုက်တယ်ရှင့်"
ယောက်ျားက အိပ်ရာမှ ထပြီး အခန်းပြတင်းပေါက်တွေ ဖွင့်လိုက်သည်...ခဏအကြာတွင် မိန်းမဖြစ်သူမှ ထပ်ပြီး...

"ယောက်ျား....ထစမ်းပါဦး...ကျွန်မ ချမ်းတယ်ရှင့်" ယောက်ျားက အိပ်ရာမှ ထပြီး စောင်တစ်ထည်ထပ်ယူပေးလိုက်သည်

ခဏအကြာတွင် မိန်းမဖြစ်သူမှ..
"ယောက်ျား... ကျွန်မကို အမျိုးသားတစ်ယောက်က ဖက်ထားတဲ့ နွေးထွေးမှု လိုချင်တယ်ရှင့်.."


ထိုအခါ ယောက်ျားဖြစ်သူမှ စိတ်မရှည်တော့သဖြင့်....
"ကြံကြံဖန်ဖန်ကွာ....မနက်၂ နာရီထိုးကြီးမှာ မင်းအတွက် ယောက်ျားကို ငါက ဘယ်မှာ သွားရှာရမှာလဲကွ....ဟေ..."







၁ - ကျုပ်က အလုပ်တစ်ခုလုပ်ရင် ပြီးဆုံးအောင်လုပ်တတ်သူဗျ.. ကုန်ကုန်ပြောမယ်ဗျာ..
စာအုပ်တစ်အုပ်ဖတ်ရင်တောင် အစကနေ အဆုံးထိ ပြီးအောင်ဖတ်တာဗျ...

၂ - အဘိဓာန် ဖတ်ကြည့်ပါလား...







အလီဇယား


ဆရာမ - ကဲ.. မောင်ထုံ.. ၉  အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။

မောင်ထုံ - ၉  တစ်လီ ၉ ။ ၉  နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)



ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။

မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယား...







ရွဲ့ တာလား?


စာတိုက်တစ်ခုတွင်မိန်းမကြီးတစ်ယောက် ပါဆယ်ပို့နေသည်။

တာဝန်ကျစာရေးမ ။ ။ အမကြီး ပါဆယ်ထုတ်ပေါ်မှာတံဆိပ်ခေါင်း တစ်ခုထပ်ကပ်ပါ။ ပါဆယ်ထုပ်က လေးနေတယ်။

အမျိုးသမီးကြီး ။ ။ အဲ့လိုဆို ပေါ့သွားရောလား..








Only in Myanmar


အဖေ - သားကြီးလာရင်ဘာလုပ်မလဲ???
သား - လုပ်ချင်တာပြောလည်း ဖြစ်မှာမှမဟုတ်တာ..


အဖေ - ဟ.. လုပ်ချင်တဲ့ရည်မှန်းချက်ရှိထားပြီး ဖြစ်အောင်ကြိုးစားရမှာပေါ့..
သား - ဒါဆို ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားရမှာပေါ့..


အဖေ - ဒါပေါ့ ငါ့သားရယ်..
သား - ဒါဆို သားက လူကြီးသားဖြစ်ချင်တာ။ စာဆိုတောင်ရှိသေး..
ဟောလိဝုဒ်မှာ မင်းသား
အီတလီမှာ မာဖီးယား
ဂျပန်မှာ ယာကူဇာ
အင်္ဂလန်မှာ ဘောသမား
မြန်မာပြည်မှာ လူကြီးသား ဖြစ်ရပါလို၏ တဲ့...
ဒီတော့ အဖေလူကြီးဖြစ်အောင်ကြိုးစားပေတော့..


အဖေ - “တိန်..”






No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့