Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

**မချစ်တတ်သော"လူ"နဲ့  အချစ်ငတ်သော"သူ"**


တွေ့ မှတွေ့ တတ်ပါလေရဲ့ နော်
အနေနီးလို့  ဖြစ်သွားတယ်ဆိုတာ
စိတ်မခိုင် စိတ်ယိုင်တတ်သူတွေအတွက်
အမြဲဟောမယ့်  တရားသဘောကြီးပါ................
အခုတော့ ငါသိသွားပြီ
အချစ်မှာ...........
အပြောင်းအလဲတွေ များသလို အချိုးကွေ့ 
တွေလည်း ပေါနေတယ်
အတိမ်အနက် ခန့် မှန်းရခက်သလို
အနုတ် အသိမ်းလည်း မြန်တတ်တယ်ဆိုတာကိုပေါ့ ...........
တစ်ပြီးရင် သုံးမလာသလို
ချစ်ပြီးရင်လည်း မမုန်းပါဘူးဆိုတာ
16 နှစ်လောက်တုန်းကပဲ ပြောလို့ ကောင်းတာပါ..........
တကယ်တော့  ယုံကြည်မူဆိုတာ
အချိုးကျကျဖွဲ့  တည်ထားတဲ့ 
သဘာဝဗေဒပုစ္ဆာတစ်ပုဒ်
ရှုပ်တာကို မဟုတ်တာနဲ့ ပေါင်းပြီး
အီစီကလီ မာယာသီအိုရီအရ
Equation ချဖို့  မကြိုးစားပါနဲ့ တော့ ..........
ခွင့် ပြုတယ် ခွင့် လွတ်တယ်ဆိုတာ
သီချင်းထဲမှာပဲ ဆိုလို့ ကောင်းသလို
ဇာတ်သိမ်းပိုင်းတိုင်း ညားစေခိုင်းတာလည်း
ဇာတ်လမ်းထဲမှာပဲ သဘာဝကျတာပါ..........
ဖြစ်ခဲ့ ပြီးမှ တောင်ပန်တယ်ဆိုတာ
အကြောင်း မမှန်သူတွေအတွက်
အဆင်ပြေတဲ့  ဆင်ခြေတစ်ခုပဲ
Sorry ပါ.......ချစ်သူ
ယုံကြည် မပေးနိုင်တော့ အတွက်
ဝမ်းလည်း မနည်းနဲ့  စိတ်လည်းမဆိုးပါနဲ့ ........
တစ်ခုလုံး မရလို့  တစ်ဝက်ပဲ ယူမယ်ဆိုတဲ့ အထဲမှာ
င...ရေးချ ငါက
မပါရေးချ.....မပါတာတော့ 
သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ
အများကြီးမရှိတာထက်စာရင် 
နည်းနည်းလေးပဲ ရှိနေတာ ပိုကောင်းတယ်ဆိုတာ
ပိုက်ဆံကိုပဲ ပြောတာ........
ပြီးခဲ့ တာတွေလည်း ပြီးပါစေတော့ 
မချိုမြိန်တော့ တဲ့  သက္ကရစ်တွေနဲ့ 
အနား အက်ပြီး ခါးသက်နေတဲ့ နေ့ ရက်တွေကို
နောက်ပြန်မကြည့် တော့ ဘူး
အဆုံးသတ်သိနေတဲ့  ဇာတ်လမ်းလိုပဲ
ရင်ခုန်စရာမှ မကောင်းတော့ တာ..........
ခုတော့ လည်း
"သက်ရောက်မူတိုင်းမှာ တန်ပြန်သက်ရောက်မူရှိသည်"
ဆိုတဲ့  နယူတန်ရဲ့  သီအိုရီက
ဒဿဂီရိနဲ့  ငါ့ အတွက် မှားနေပေမယ့် 
"မဖြစ်နိုင်တာ မရှိ" ဆိုတဲ့ 
နပိုလီယံရဲ့ အဘိဓာန်ကချစ်တတ်သူတွေအတွက်
သိပ်မှန်တဲ့ ဝါကျ တစ်ကြောင်းပဲ 
ဘာလို့ လဲဆိုတော့ 
ချစ်တဲ့ သူကို မေ့ နိုင်ဖို့ ဆိုတာ
ဘယ်တော့ မှမဖြစ်နိုင်လို့ ပေါ့ ...........
ဘာပဲဖြစ်ဖြစ်ပေါ့ ဟာ
နင်နဲ့ ငါရဲ့ အချစ်ဇာတ်လမ်းဟာ
အာဇာနည်ဆိုဆိုနေတဲ့  ယဉ်ယဉ်လေးရူးလောက်မထူးသလို
ဇော်ပိုင် ပြောပြောနေတဲ့ 
မဆုံသောလမ်းလောက်လည်း အဆန်းပါဘူး..........
စိတ်မကောင်းတာ တစ်ခုပါပဲ
အိမ်ပြန်ချိန်စောသွားတဲ့ 
ငါတို့ ရဲ့ အချစ်ငှက်ငယ်လေးအတွက်
ဒီဘဝဒီလိုအဖြစ်မျိုးတွေ
ှနှိဗ္ဗာန်မရောက်မီစပ်ကြား
သုံးဆယ့် တစ်ဘုံကျင်လည်နေသရျွ်
ဘယ် ကမ္ဘာ...ဘယ်အခါ....ဘယ်နေရာမှာမှ
မဆုံပါရစေနဲ့ လို့ .............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့