Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်


အမှတ်မရှိတဲ့ ဒီနှလုံးသား၊
စာရွက်တစ်ရွက်လိုသာ၊
စုတ်ဖြဲလွယ်မယ်ဆိုရင်၊
နင့်အကြောင်းတွေးရင်း၊
နာကျင်နေတဲ့ ငါ့ရင်ခွင်၊
သက်သာလိုသက်သာငြား၊
စုတ်ဖြဲကာထား
ခပ် ဝေးဝေးသာ၊
လွင့်ပစ်ချင်ပါရဲ့............။

မလွမ်းပါဘူးလို့
အကြိမ်ကြိမ် သတိပေးနေလျှက်၊
တွေးတွေးပြီး လွမ်းနေမိတဲ့၊
ငါ့ကိုယ်ငါ မုန်းလိုက်တာ................။
ဒီလိုပုံနဲ့သာဆို
တစ်ကြိမ်တစ်ခါသာမက
အကြိမ်တစ်ရာလဲ ၊
အလိမ်အညာအမြဲ
ထပ်ခါ ....ထပ်ခါ
ခံရအုံးမယ် ထင်ပါရဲ့ကွာ..........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့