Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 October 2014

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန်းစမ်းသပ်မှု အခမဲ့ဖြင့် ချက်ချင်းကုသပေးလျက်ရှိ

ရန် ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် နှင့် ပြင်ပလူနာအထူးကုဌာနမှလူနာ များအား
အခမဲ့ကုသပေးခြင်းအပါ အဝင် ဆေးဝါးများ
 အခမဲ့ပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို
အခမဲ့ ဆောင်ရွက်ပေးနေပြီး အရေးပေါ်


လူနာများကို ချက်ချင်းကုသနိုင်ရန် အတွက်အရေးပေါ်ကုသမှု ဆေးပညာ ဌာန (Department of Emergency Medicine) ကိုပါဖွဲ့စည်း၍ အချိန်နှင့် တစ်ပြေးညီ ကုသပေးလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေး ရုံအုပ် ဒေါက်တာပပက ဒီမိုကရေစီတူဒေး သတင်းစာသို့ အောက်တိုဘာ ၂၇ ရက်က ပြောသည်။

ပြည်သူများ၏ စိုက်ထုတ်ကုန် ကျငွေလျော့ကျရန် ကွန်ပျူတာ ဓာတ်မှန်ရိုက်ကူးခြင်း (CT Scan)၊ အခြေခံဆေးဝါးများ အခမဲ့ပေးခြင်း၊ အခြေခံဓာတ်ခွဲစမ်းသပ်မှု ခုနစ်မျိုး အခမဲ့စမ်းသပ်ပေးခြင်း၊ ဓာတ်မှန် (X Ray) ရိုက်ကူးခြင်း၊ တယ်လီဗေး ရှင်းဓာတ်မှန် (Ultrasound) ရိုက်ကူး ခြင်းတို့ကို သြဂုတ် ၁ရက်မှစတင်ကာ အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း ဆေးရုံအုပ် ဒေါက်တာပပ က ပြောသည်။

''အရင်ကဆို လူနာမှတ်တမ်း စာအုပ်လုပ်တာကစ ဝန်ဆောင်ခ ပေးရပေမယ့် အခုဆိုရင် လူနာမှတ် တမ်းစာအုပ်ကအစ အခမဲ့လုပ်ပေး နေပါတယ်။ သွေးအိတ်တွေ၊ သွေး ပိုက်ဖိုးတွေ၊ သွေးစစ်တာတွေကိုလဲ အခမဲ့ဆောင်ရွက်ပေးနေပါတယ်''ဟု ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဆေးရုံ အုပ် ဒေါက်တာပပက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိလာသော အရေးပေါ်လူနာ များကို ကုသနိုင်ရန်အတွက် အရေး ပေါ်ကုသမှုဆေးပညာဌာန (Department of Emergency Medicine) ကိုပါ ဧပြီလတွင်ဖွဲ့စည်း၍ အရေး ပေါ်ဆေးကုသမှု အထူးကုဆရာဝန် ကြီးများကိုယ်တိုင် အချိန်ပြည့်ကြီး ကြပ်ဆောင်ရွက်နေကြောင်း သိရ သည်။

''လူနာရဲ့အသက် ကယ်တင်ရေး သည်သာ အဓိကဆိုတဲ့အတိုင်း အ ရေးပေါ်ဌာနကို ရောက်လာတာနဲ့ ကုသမှုတွေကို စလုပ်ပါတယ်။ တချို့ ပြည်သူတွေထင်နေသလို မတော်မ ဆမှုနဲ့ရောက်လာတဲ့သူတွေကို ရဲစာ ပါမှကုသပေးတာဆိုတာ လုံးဝမဟုတ် ပါဘူး။ ရဲမှုခင်းနဲ့လာလဲ အရေးပေါ် ဌာနမှာ မှုခင်းရဲက ရှိနေပြီးသားပါ''ဟု ဆေးရုံအုပ် ဒေါက်တာပပက ပြောသည်။

အခမဲ့ကုသပေးခြင်းနှင့် ပတ် သက်၍ ''အခမဲ့ဆိုတော့ လူနာတွေ က ပိုများနေတော့ တန်းစီရတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဟိုအရင်တုန်းက ထက် ပိုပြီးဝန်ဆောင်မှုတွေ ကောင်း လာတာတော့သေချာပါတယ်။ ကျွန် တော်တို့လဲ ဒီရောက်မှ အခမဲ့ဆိုတာ သိတာ။ အပြင်မှာ သတင်းတွေကြား ခဲ့ရသလိုမဟုတ်တော့ တော်တော် လေးကျေနပ်မိပါတယ်။ အပြင်က ပြည်သူတွေလဲ သိအောင် သတင်း ထုတ်ပြန်မှုတွေကို ဒီထက်ပိုလုပ်ပေး ရင်ကောင်းမယ်ထင်ပါတယ်''ဟု အ ရေးပေါ်ကုသမှုဌာနတွင် ကုသမှုခံ ယူနေသည့် လူနာရှင်တစ်ဦးက ပြော သည်။

ဆေးရုံဝန်ထမ်းများကို ပြည်သူ များထံမှ ငွေကြေးများတောင်းခံမှု မရှိစေရန် စည်းကမ်းများ ထုတ်ပြန် ထားပြီး စီစီတီဗွီများ တပ်ဆင်ကာ စနစ်တကျစောင့်ကြည့်နေပြီး မသမာ မှုများရှိပါက တိုင်ကြားသူရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အရေးယူမှုများ ပြုလုပ်နေကြောင်းနှင့် ပြင်ပမှလူများ က ဆေးရုံဝန်ထမ်းများအသွင်ဆောင် ၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ပြုလုပ်သည်များကိုလည်း စောင့် ကြည့်နေကြောင်း သိရသည်။

''ဆေးရုံကြီး အရေးပေါ်လူနာ ဌာနက အရင်ကနဲ့ လုံးဝကိုပြောင်းလဲ သွားတယ်။ ကျွန်တော်တို့အရင်ကြား ဖူးတာက ဆရာဝန်၊ ဆရာဝန်မတွေ က မျက်နှာထားတင်းတင်းနဲ့ဟောက် ထုတ်ဆိုပဲ။ အခုတော့ အဲဒီလိုမဟုတ် လို့ ကျွန်တော်တောင် တော်တော် အံ့သြနေတယ်။ ကျွန်တော်တို့ အရေး ပေါ်လူနာကို သူတို့ကုသပေးနေပုံက တော်တော် ဂရုတစိုက်ရှိပြီး မျက်နှာ အမူအယာကအစ အရမ်းပြေပြစ် တယ်။ စေတနာပါတာ တွေ့ရတယ်။ အနံ့အသက်တွေ ဘာတွေလဲ တော် တော်သန့်ရှင်းတာ တွေ့ရတယ်။ အ ရင်က ဘယ် ဒီလိုဟုတ်မလဲ''ဟု ဆေး ရုံကြီး၏အပြောင်းအလဲကို ကိုယ်တွေ့ ကြုံသူတစ်ဦးက ပြောပြသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင် လူနာရောက်ရှိလာသည် နှင့်တစ်ပြိုင်နက် လူနာ၏အခြေအ နေကို ခွဲခြားဆုံးဖြတ်၍ အရိုးအရေး ပေါ်ဌာန၊ ဦးနှောက်အာရုံကြောအရေး ပေါ်ဌာန၊ အရေးပေါ် အသက်ကယ် ကုသခန်းများသို့ မိနစ်ပိုင်းအတွင်း ပို့ဆောင်နိုင်ရန် စီစဉ်ထားပြီး ၂၄ နာရီလုံး အလှည့်ကျ တာဝန်ထမ်း ဆောင်ကာ ဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့