Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 October 2014

အာဖဂန် ၃ ဦးလက်ကို ဖြတ်ခဲ့သူ သြစီစစ်သား တရားစွဲခံရနိုင်

အာဖဂန်နစ္စတန်နိုင်ငံမှာ ​တာဝန်ထမ်းဆောင်ခဲ့တဲ့ ​သြစတြေးလျနိုင်ငံက ​အထူးတပ်ဖွဲ့ဝင် ​တစ်ဦးဟာ ​သေလွန်သူ ​အာဖဂန် ​စစ်သွေးကြွ ​သုံးဦးရဲ့ ​လက်ကို ​ဖြတ်တောက်တဲ့ ​ကိစ္စနဲ့ ​တရားစွဲခံရမယ့် ​အနေအထား ​ရှိနေပါတယ်။

သြစတြေးလျနိုင်ငံ ​စစ်တပ်ရဲ့ ​စည်းမျဉ်းစည်းကမ်းအရ ​သေဆုံးသွားတဲ့ ​လူ့ခန္ဓာကိုယ်ကို ​မဖျက်ဆီးဖို့ ​ပါရှိပါတယ်။

ဒါပေမဲ့ ​၂၀၁၃ ​ခုနှစ်တုန်းကတော့ ​အဆိုပါ ​သြစတြေးလျ ​အထူးတပ်ဖွဲ့ဝင်တစ်ဦးဟာ ​သေဆုံးသွားပြီဖြစ်တဲ့ ​အာဖဂန် ​စစ်သွေးကြွ ​သုံးဦးရဲ့ ​ညာဘက်လက်တွေကို ​ဖြတ်တောက်ခဲ့ပါတယ်။

သေဆုံးသူ ​အာဖဂန်စစ်သွေးကြွတွေရဲ့ ​လက်ဗွေနဲ့ ​မျက်လုံးကို ​သြစတြေးလျက ​ဖမ်းယူ ​မှတ်တမ်းတင်လေ့ရှိပါတယ်။

အဲဒီလို ​လက်ဗွေရာကို ​မှတ်တမ်းတင်နိုင်ဖို့အတွက် ​လက်ကို ​ဖြတ်တောက်တာ ​ဖြစ်တယ်လို့ ​ယူဆနေကြပါတယ်။

ဒါပေမဲ့ ​စစ်အတွင်း ​သေဆုံးသူတွေရဲ့ ​ကိုယ်ခန္ဓာကို ​ဖြတ်တောက် ​ဖျက်ဆီးတာက ​စစ်ရဲ့ ​ဥပဒေကို ​ချိုးဖောက်ရာ ​ရောက်တယ်လို့ ​ယူဆနေကြတဲ့အတွက် ​အဲဒီ ​သြစတြေးလျ ​စစ်သားဟာ ​တရားစွဲ ​ခံရမယ့် ​အနေအထားမှာ ​ရှိနေပါတယ်။



အာဖဂန်နစ္စတန် နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သြစတြေးလျ အထူးတပ်ဖွဲ့ဝင် တချို့ (Credit: ABC) 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့