Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 October 2014

အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်ငံ ဖူးခက်တွင် လုံခြုံရေး တိုးမြှင့်


အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံပြီးနောက် ထွက်ပြေး လွတ်မြောက်လျက် ရှိသည့် လူသတ်သမား တစ်ဦးသည် နိုင်ငံ အတွင်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိသည် ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ အပန်းဖြေ စခန်းတစ်ခု ဖြစ်သည့် ဖူးခက်၌ ယမန်နေ့တွင် လုံခြုံရေးကို တင်းကျပ် ခဲ့ရကြောင်း ဒေသအတွင်းရှိ မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ထိုင်းအာဏာပိုင် များသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဘီယန့်ဆင်းဂ် ကို သတ်ဖြတ် ခဲ့သည့် လူသတ်သမား ဂျက်တာဆင်းဂ် ဟာဝါရာ သည် နိုင်ငံအတွင်း သို့ ဝင်ရောက်ရန် မလေးရှား နယ်စပ် အနီး၌ တွေ့ရှိခဲ့ ပြီးနောက် အစိုးရ ၏ သတင်းပေး ပို့ခြင်းကို လက်ခံရရှိ ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၄) ဒေသ၏ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ( ISOC ) မှ လက်ထောက် အတွင်းရေးမှူးချုပ် ဂျာတူပွန် ကလမ်ပါဆွတ် က ပြောကြားခဲ့သည်။

ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ဆွန်ဂိုင်ကိုလော့၊ နာရာသီဝပ် ပြည်နယ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံ သို့ ဆက်လက် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း ထိုင်းအစိုးရက ယူဆထားသည်။

ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ၁၉၉၅ ခုနှစ်အတွင်းက ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဘီယန့်ဆင်းဂ် ကို လုပ်ကြံ သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံနေရစဉ် အကျဉ်းထောင်မှ အခြား ရာဇဝတ်သား နှစ်ဦးနှင့်အတူ လွတ်မြောက် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ပါက ဖမ်းဆီးရန် အတွက် ယခုအခါ ထိုင်းတရားရုံး တစ်ခုက ဖမ်းဆီးခွင့်ကို ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း သိရသည်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့