ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ကမ္ဘာ့ရုပ်သေးပွဲတော်တွင်
ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Sirinchaya
Guntiya ၏ ဖိတ်ကြားမှုဖြင့် မြန်မာ ကိုယ်စားပြု ထွေးဦး(မြန်မာ)
ရုပ်သေးအဖွဲ့ သွားရောက်ကပြ မည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ၁၁၄
အဖွဲ့ တက်ရောက် ကြမည်ဖြစ်ပြီး အာရှနိုင်ငံ ရှစ်နိုင်ငံမှ ၁၁ ဖွဲ့ပါဝင်မည်
ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်းမှာ နိုင်ငံအသီးသီးရှိ ရုပ်သေးအနုပညာရှင်တို့၏
ကိုယ်ပိုင်ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသဖလှယ်ခွင့် ရရှိစေရန်ဖြစ်သည်။
ထွေးဦး(မြန်မာ)တည်ထောင်သူ ဦးခင်မောင်ထွေးက ''ဦးထွေးတို့ ဒီတစ်ခေါက်
နိုဝင်ဘာ၂ ရက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့
တော်ဝင်အမျိုးသားပြဇာတ်ရုံမှာ မြန်မာနိုင်ငံကိုယ်စားပြုကပြမှာပါ။ မနှစ်က
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပွဲပြုလုပ်တော့
သူတို့ကဆက်သွယ်တယ်။ဖွင့်ပွဲမှာ
အင်ဒိုနီးရှားသမ္မတတက်ရောက်မယ်။မိတ်ဆက်တဲ့အနေနဲ့ဖျော်ဖြေရမယ်ဆိုတော့
အခွင့်ရတုန်း ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ပြရမယ်ဆိုပြီး
ဝမ်းသာသွားတာပေါ့။ဒါပေမယ့်လည်း တကယ်တမ်း လေယာဉ်လက်မှတ်ခက သိန်း ၃ဝ
လောက်ကုန်ကျမယ်ဆိုတော့ ဦးထွေးတို့ မတတ်နိုင်တော့ဘူး၊ သူတို့ဘက်ကလည်း
လေယာဉ်လက်မှတ်ခပေးတဲ့ထုံးစံလည်းမရှိတော့ နောက်ဆုံးအချိန်ကျမှ
မလာဖြစ်တော့ဘူးလို့ ပြောလိုက်ရတယ်။ ''ဒီနှစ်ထိုင်းနိုင်ငံ
ဗန်ကောက်မှာလုပ်တော့ သူတို့က ထပ်ဖိတ်တယ်၊ လာစေချင်တယ်။ ဦးထွေးတို့
ခြောက်ယောက်သွားမယ်။ ခါတိုင်း နိုင်ငံခြားပွဲတွေတုန်းက
အချိန်ကနည်းနည်းပဲရတော့ ပဒေသာကကွက်လေးတွေပဲ ကပြဖြစ်တယ်။ ခေါင်းစဉ်တွေ
ဘာတွေမရှိဘူး။ အခုကမ္ဘာ့ရုပ်သေးပွဲမှာတော့ မြန်မာ့ရုပ်သေးပွဲဆိုတဲ့
ခေါင်းစဉ်နဲ့ ကပြမယ်''။
''ဦးထွေးတို့ မြန်မာပြည်မှာက ဘုရားပွဲရက်တွေဆို ရုပ်သေးပွဲတွေကို တစ်ညလုံး
ကပြဖျော်ဖြေကြတာလေ။အဲလိုကပြတဲ့ ထုံးစံလေး တွေသိအောင်ပြချင်တယ်၊
အချိန်တစ်နာရီပဲရတော့ အချိန်တိုအတွင်းဝင်အောင် ပဒေသာကကွက်တွေအပြင်
သောတ္ထိတေနသမ္ဘူလ ဇာတ်တော်ကြီးတွေကိုပါ ကမယ်။ အဆုံးသတ်ကိုတော့ ဦးရွှေရိုး
ဒေါ်မိုးနဲ့ပိတ်လိုက်မယ်။ ၂ဝ၁၂ စင်ကာပူမှာ အောင်မြင်ခဲ့တဲ့ပွဲလို
ဆိုင်းအခွံကြီးတွေ၊ တကယ့်အဆိုတော်ကြီးတွေမပါပေမယ့် စနစ်တကျနဲ့
မြန်မာ့ရုပ်သေးဆိုတာ ဒီလိုပါလားဆိုတာ ကမ္ဘာကသိသည်ထက် ပိုသိအောင်
မြန်မာ့ရုပ်သေး ကမ္ဘာ့အလယ်ဝင့်ထည်နေအောင် အကောင်းဆုံးကပြခဲ့မယ်''ဟု
ပြောကြားခဲ့သည်။
ရုပ်သေးအနုပညာသည် လူကိုယ်တိုင်အစား အရုပ်ကလေးများကို
လှုပ်ရှားကပြသရုပ်ဆောင်စေသည့် ပွဲသဘင်ဖြစ်သည်။ ရုပ်သေးသဘင်
ပေါ်ပေါက်လာရခြင်း၏အကြောင်းရင်းမှာ သက်မဲ့အရုပ်ကလေးများကို
နည်းအမျိုးမျိုးဖြင့် အသက်ဝင်လှုပ်ရှားအောင် ကြံစည်တီထွင်သည့်
မြန်မာ့လက်မှုပညာ၏ ကြိုးပမ်း မှုပင်ဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည်
ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက အရေးပေးမြှောက်စားခြင်းခံခဲ့ရသည်။
မြန်မာ့ရုပ်သေးသည် သီချင်းသီဆိုမှုအလိုက် ကြိုးဆွဲသူ၊ သီဆိုသူ၊ တီးမှုတ်သူ
သုံးဦးတစ်ပြိုင်နက် အကွက်ကျဆီလျော်အောင် ကပြလှုပ်ရှားရသည့်အတွက်
နှစ်ကိုယ့်တစ်စိတ်၊ သုံးကိုယ့် တစ်စိတ်ပညာလို့ပင် ခေါ်ဆိုကြသည်။
လက်နှစ်ဖက်သာရှိသည့်လူသည် ဆယ့်ခြောက်ကြိုးမှ ကြိုးပေါင်းခြောက်ဆယ်ရှိသော
ရုပ်သေးရုပ်ကို လိုသလိုစည်းဝါးတကျ ခုန်ပျံလှုပ်ရှားစေပြီး သက်ရှိလူကဲ့သို့
ပွဲကြည့်ပရိသတ်ကို ငိုစေ၊ ရယ်စေ၊ မုန်းစေ၊ ချစ်စေအောင်
စိတ်ကိုဆွဲဆောင်ခြယ်လှယ်နိုင်စွမ်းဖြင့် လှုပ်ရှားစေနိုင်ခြင်းမှာ
ရုပ်သေးအနုပညာ၏ ခက်ခဲလေးနက်မှုများပင်ဖြစ်သည်။
ယနေ့ခေတ်တီထွင်ဆန်းသစ်လာသည့် ခေတ်သစ်ဖျော်ဖြေမှုများနှင့်
အနောက်တိုင်းတေးဂီတယဉ်ကျေးမှုများ လွှမ်းမိုးလာမှုများကြောင့်
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာများ မတိမ်ကောမပျောက်ပျက်ရလေအောင်၊
တိုင်းတစ်ပါးယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းမခံရလေအောင် နိုင်ငံတော်မှ
အမြော်အမြင်ကြီးစွာဖြင့် အဆင့်အတန်းမြင့်မားလှသည့်
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုမြတ်နိုးထိန်းသိမ်းရေးအတွက် ၁၉၉ဝ
ပြည့်နှစ်မှစပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲကြီးများကို
နှစ်စဉ်ကျင်းပပေးခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုသည် မြန်မာပြည်သူတို့၏ နှလုံးသည်းပွတ်ဖြစ်ပြီး
မြန်မာပြည်သူတို့ အလေးအမြတ်ထားအပ်သော ဘိုးဘွားပိုင် အဖိုးမဖြတ်နိုင်သည့်
ရတနာအမွေအနှစ်များ ဖြစ်ပေသည်။ ခေတ်လူငယ်များအနေဖြင့်လည်း
လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြလျှင် မြန်မာ့ရုပ်သေးပွဲမှသည်
မြန်မာ့ယဉ်ကျေးမှုများ ကမ္ဘာ့အလယ်ဝင့်ထည်လှပနေတော့မည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2014
(208)
-
▼
October
(117)
- သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ
- ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံး...
- ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင...
- အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက်...
- (၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျု...
- ငွေမည်းဖြင့် အိမ်ခြံမြေ ၀ယ်ယူ ဈေးကစားသည့် အဖွဲ့အစ...
- ဆီရီးယားတွင် ISIS အဖွဲ့က ဆီးရီးယားစစ်ဘက် အကြီးအကဲ ...
- ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ
- ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထို...
- စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်...
- တောင်ကိုရီးယား စစ်သား ၄ ဦး ထောင် နှစ်ရှည် ကျ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာန...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် Auto World Journal Vol...
- အောက်တိုဘာလ (၃၁)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ...
- နိုဝင်ဘာလ (၁)ရက်နေ့ ထုတ် Netguide Vol. (3) , Issue...
- အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ (ရုပ်/သံ)
- ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်...
- ဘာကီနာဖာဆို နိုင်ငံမှာ အစိုးရ ဖျက်သိမ်းကြောင...
- လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ...
- မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
- စောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒထုတ်ဖော်...
- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည...
- သန်းခေါင်ကျော်မှရတဲ့ ခွင့်ပြုမိန့်
- ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓ...
- အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးဗုဒ္ဓဘာသာသို့ကူးပြောင်...
- မော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး
- မိတ္ထီလာ အကျဉ်းထောင်တွင် မူးယစ်တရားခံအား ဧည့်တွေ့လာ...
- ၇ နှစ်သမီးလေးအား ငွေတစ်ထောင်ပေး ဈေးဝယ်ခိုင်းပြီး ...
- ခွင့်ပြုချက်မရဘဲညပိုင်းတွင်ဗလီခိုးပြင်နေတာသက်ဆိုင်...
- ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လူနာများကို ဓာတ်ခွဲခန...
- ဓါတ်ကြိုးပြုတ်ကျမှုကြောင့်ဆော့ကစားနေသည့်ကလေးငယ် (၂)...
- နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကိုအိုင်အက်စ်တိ...
- ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟုဆိုကာ သားမယားပြုကျင့်သူ
- လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခ...
- နိုင်ငံ၏အချုပ်အခြာကို မထိပါးရန် အိန္ဒိယနှင့်ဗီယက်နမ...
- ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝ...
- ငွေနှင့်ဘဏ်ကတ်များ ခိုးယူခံရကြောင်း ဘဏ်သို့လာရောက်...
- တောင်ကိုရီးယားဇတ်လမ်းတွဲများကြည့်မှု၊ ခြစားမှု တိြု့...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- ကုလလူ့အခွင့်အရေးအစီရင်ခံစာ နိုင်ငံတကာ တုံ့ပြန်ချက်...
- အမေရိကန်မှာ လုံခြုံရေး တိုးမြှင့်
- အာဖဂန် ၃ ဦးလက်ကို ဖြတ်ခဲ့သူ သြစီစစ်သား တရားစွဲခံရ...
- မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ခလစာနည်း
- လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိ...
- စစ်တွေတွင် အမျိုးသမီးကြီး တစ်ဦးကို ရေတွင်းထဲ သေဆု...
- ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်
- ဒေါ်လာဈေးတွေ တက်ပြီး ကျပ်ဈေးတွေကျ
- တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွ...
- အင်းစိန်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပ...
- လေဆာ သွားတိုက်ဆေး Colgate ကုမ္ပဏီက ဝယ်ယူ
- အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်း...
- Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြ...
- ပဟေဠိဆန်ဆန် ပျောက်ဆုံးနေသည့် ကင်ဂျုံအန် အကြောင်းကု...
- နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ
- သမ္မတနဲ့ကာချုပ်အပါအ၀င် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပ...
- မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှု...
- ကော်သူလေးတပ်မတော်ဖွဲ့စည်းရန် ဆုံးဖြတ်
- သီရိလင်္ကာ မြေပြိုမှု လူ ရာချီ ပျောက်ဆုံးနေ
- ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခ...
- ISIS ကိုတိုက်ဖို့ အိမ်နီးချင်း ကဒ်တွေအင်အားဖြည့်
- ကိုဘာနီမြို့တိုက်ပွဲများတွင် စစ်ကူပေးရန် ကာ့ဒ်တပ်ဖ...
- မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ခေါင်းဆောင် သေဒဏ်
- အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် Digital Life နည်းပညာဂျ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာသွားဖို့ လက်ပံတေ...
- မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြော...
- UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယ...
- အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်
- ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်...
- ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းနေစဉ် ဓာတ်လိုက်၍သေဆုံး
- မြန်မာလူငယ်နှစ်ဦးအမှု ပြန်သုံးသပ်ပေးဖို့ ထိုင်းရှေ...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် Myanmar Times (English...
- အောက်တိုဘာလ (၂၇)ရက်နေ့ ထုတ် The Messenger Vol 5 No 22
- ဆီးရီးယားအစိုးရထိန်းချုပ်ရာ အိုင်းဒလစ်မြို့ကို သူပ...
- လူရွှင်တော်မျက်နှာဖုံးစွပ် လက်နက်ကိုင်ဂိုဏ်း ပြင်သစ...
- အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတ...
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သ...
- တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး
- ရှားပါး ပန်ဒါဝက်ဝံ အနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ
- မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ်...
- ဖမ်းဆီးခံ လူငယ် ၂ ဦး၏ မိဘများ ထိုင်းတရားရုံးချုပ်...
- အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်င...
- အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်
- UNFC က ထွက်ဖို့ KNU ဆုံးဖြတ်
- မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့
- လိပ်ကျွန်း ရိုက်နှက်စစ်ဆေးမှု ထိုင်းရဲတပ်ဖွဲ့ ရှင်း...
- သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ
- ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ...
- မဲဆန္ဒရှင် စါရင်း မှတ်ပုံတင်လုပ်ငန်း စမယ်
- ဆွေးနွေးညှိနှိုင်းမှ ကချင်ပဋိပက္ခ ပြေလည်နိုင်
- အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး
- အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ
-
▼
October
(117)
No comments:
Post a Comment