Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 October 2014

သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ

သြစတြေးလျနိုင်ငံမှာ ​လာရောက်ခိုလှုံခွင့် တောင်းတဲ့ ​အသက် ​၂၀ ​အရွယ် ​အာဖဂန်နစ္စတန် ​နိုင်ငံသား ​တစ်ဦးကို ​သြစတြေးလျ ​အစိုးရက ​အတင်းအဓမ္မ ​ပြန်ပို့ဖို့ ​လုပ်ဆောင်တဲ့ အတွက် ​ဒုက္ခသည်အရေး ​ဆောင်ရွက်သူ တွေက ​ပြန်မပို့ဖို့ ​တောင်းဆို လိုက်ပါတယ်။

အခု ​ပြန်ပို့ခံရမယ့်သူ ​မတိုင်ခင် ​အရင်လတုန်းက ​Zainullah ​Naseri ​ဆိုတဲ့ ​လူ ​ပြန်ပို့ခံခဲ့ရပြီး ​အာဖဂန်နစ္စတန်မှာ ​သူ့အနေနဲ့ ​ဖမ်းဆီးမှုတွေ ​ခံခဲ့ရတယ်လို့ ​ပြောပါတယ်။

Zainullah ​Naseri ​က ​အာဖဂန်ရဲတွေဆီ ​ဦးတည်လာနေတုန်း ​ရဲတွေက ​သူ့ကို ​သေနတ်နဲ့ ​ပစ်ခဲ့တဲ့ ​ဗီဒီယိုကို ​အေဘီစီက ​ရရှိထားပါတယ်။

ရဲတွေကတော့ ​သူ့ကို ​အကြမ်းဖက်သမားလို့ ​ထင်ပြီး ​ပစ်ခတ်ခဲ့တာလို့ ​ပြောပါတယ်။

Naseri ​ရဲ့ ​တစ်ကိုယ်လုံးဟာ ​ဖုန်တွေနဲ့ ​ညစ်ပတ်နေပြီး ​အင်္ကျီတွေလည်း ​စုတ်ပြဲနေတာကို ​တွေ့ခဲ့ရပါတယ်။

သူ့ရဲ့အဆိုအရ ​သူ့အနေနဲ့ ​သြစတြေးလျနိုင်ငံကနေ ​အတင်း ​ပြန်ပို့ခံရပြီးနောက် ​ကာဘူးလ်မြို့ကနေ ​သူကြီးလာခဲ့တဲ့ ​ဒေသကို ​အသွားမှာ ​တာလီဘန်တွေက ​သူ့ကို ​ဖမ်းဆီး ​လိုက်ပါတယ်။

ဒါပေမဲ့ ​ဒီနောက်ပိုင်းမှာ ​ထွက်ပြေးလွတ်မြောက်လာပြီး ​အာဖဂန် ​ရဲတွေဆီ ​ပြေးလာတာ ​ဖြစ်ပါတယ်။

အာဖဂန်ရဲတွေက ​သူ့ကို ​စစ်ဆေးပြီး ​နောက်ပိုင်းမှာ ​လွတ်ပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကနေ ​ပြန်ပို့ခံရသူတစ်ဦး ​အဲဒီလို ​ကြုံတွေ့ရတဲ့အတွက် ​အခုတခါ ​ပြန်ပို့ခံရမယ့် ​လူတွေ ​အလားတူ ​ခံစားရမယ့်ကိန်း ​ဆိုက်နေတဲ့အတွက် ​သြစတြေးလျအစိုးရကို ​ပြန်ပို့ခွင့် ​မတောင်းဖို့ ​ဒုက္ခသည်အရေး ​လှုပ်ရှားသူတွေက ​ပြောပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​ဒီလူတွေကို ​ဒုက္ခသည် ​အစစ်အမှန်လို့ ​မယူဆတဲ့အတွက် ​ပြန်ပို့လိုက်တာလို့ ​ပြောဆိုနေပါတယ်။




Zainullah Naseri ကို အာဖဂန်ရဲတွေ စစ်ဆေးစဉ် (Credit: ABC licensed) 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့