Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 October 2014

ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား စုံတွဲများအတွက် ရိုးရာဓလေ့ မင်္ဂလာဆွမ်းကျွေးခြင်းနှင့် မင်္ဂလာဆောင်ခြင်း ၀န်ဆောင်မှုများ ဆွဲဆောင်မှုအသစ်ဖြစ်လာ

ပုဂံဒေသသို့ ကုမ္ပဏီအစီအစဉ်များဖြင့် လာရောက်
လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသွားများ
တွင် ကြင်စဦးဇနီးမောင်နှံများ ပါရှိလာပါက
 ခရီးစဉ်အတွင်း ရိုးရာဓလေ့ ဒေသခံများ
 ထုံးတမ်းအစဉ်အလာတိုင်း မင်္ဂလာ


ဆွမ်းကျွေးခြင်းနှင့် မင်္ဂလာဆောင်ခြင်း ဝန်ဆောင်မှုများသည် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာကြောင်း သိရသည်။

ဂျာမန်လူမျိုး Frau Angelika Esser နှင့် Herr Dr.Gerd Peter Esser တို့သည် ညောင်ဦးမြို့ ငှက်ပစ်တောင် ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ရိုးရာ ဒေသခံများ ဓလေ့ထုံးစံအတိုင်း မင်္ဂလာဆွမ်းကျွေးခြင်းကို အောက်တိုဘာ ၂၃ ရက်နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

မဟာငှက်ပစ်တောင်ကျောင်းတွင် ဆရာတော်ဦးဥတ္တရသာရ အမှူးပြုသော သံဃာငါးပါးအား နေ့ဆွမ်းကပ်လှူခြင်း၊ ဧည့်သည်များအား ရိုးရာမုန့်ဟင်းခါးဖြင့် တည်ခင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျာမန်လူမျိုး မင်္ဂလာစုံတွဲအတွက် မင်္ဂလာဆွမ်းကျွေးခြင်းကို Easia ခရီးသွားကုမ္ပဏီမှ စီစဉ်ခဲ့ကြောင်း သိရသည်။

“မကြာသေးခင်ကပဲ တစ်ပွဲကျင်းပပေးပြီးသွားပြီ။ မနှစ်ကလည်း မင်္ဂလာပွဲတွေ စီစဉ်ပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီနေ့ကတော့ ဂျာမန်စုံတွဲပါ” ဟု မင်္ဂလာဆွမ်းကျွေးပွဲ စီစဉ်ပေးသူ ကိုထွေးက ပြောကြားသည်။

“ဒီမှာလာပြီး ဆွမ်းကျွေးတဲ့ နိုင်ငံခြားသားတွေ၊ မင်္ဂလာဆွမ်းကျွေးတာတွေ မကြာခဏရှိတယ်။ လာမယ့် ၂၇ ရက်မှာလည်း ဆွမ်းကပ်မယ့် နိုင်ငံခြားသားအဖွဲ့ရှိတယ်” ဟုငှက်ပစ်တောင်ဘုန်းတော်ကြီးကျောင်း
ဆရာတော် ဦးဥတ္တရသာရက မိန့်ကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့