Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 29 October 2014

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

အစ္စရေး တရားရုံး တခုက မယားပြိုင် ယဉ်ကျေးမှု ခေါင်းဆောင် တဦးကို သူ့ဇနီးတွေနဲ့ သမီးတွေ အပေါ် လိင်ပိုင်း ရာဇဝတ်မှု ကျူးလွန်တဲ့ အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။

ရှေ့နေတွေကတော့ နတ်ဘုရား တည်ရှိမှု အပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင်ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ်အပိုင်း လို့ ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် ခုခံလျှောက်လဲသူ ဂိုအယ် ရတ်ဇန်ကတော့ မဖွယ်မရာလုပ်မှုနဲ့ မုဒိမ်းမှု စွဲချက်တွေ ကို ငြင်းဆိုထားပါတယ်။

တဲလ်အဗစ်ခရိုင် တရားရုံးကတော့ မြို့တလွှားက အိမ်အသီးသီးမှာ ပိတ်ထားတဲ့ ဇနီးသည် ၂၁ ယောက်နဲ့သမီး ၃၈ ယောက်အပေါ် ကျွန်ပြုမှု သီးခြားအမှုတွဲတွေကနေ သူ့ကို တရားသေလွှတ်ပေးခဲ့ဖူးပါတယ်။

ကိုယ်ပေါ်မှာ သူ့ရုပ်ပုံနဲ့ နာမည်ကို ဆေးမင်ကြောင်ထိုးထားတဲ့ ဇနီးသည်အများအပြားက သူတို့သဘောနဲ့ သူတို့ အတူနေခဲ့ကြတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

ဇနီးသည်တွေထဲက တယောက်ကတော့ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ခုတကြိမ် ပြစ်ဒဏ်စီရင်မှုကို ကြိုဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်က အစ္စရေးရဲ့ချန်နယ်တန်း ရုပ်သံလိုင်းက တဲလ်အဗစ်မြို့က သူ့အိမ်တလုံးကို ချဉ်းကပ်ပြီး သူ့ဘဝကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်။

သူကတော့ အမျိုးသမီးတွေရဲ့ လိုအင်ဆန္ဒအားလုံးနဲ့ တန်ဖိုးအားလုံးကို ဖြည့်စွမ်း ပေးနိုင်လို့ သူမှာ အရာရာပြည့်စုံနေတယ်လို့ ချန်နယ်တန်း သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။




ဂိုအယ် ရတ်ဇန်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့