Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 October 2014

အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး

အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံက ​လူတွေ ​သြစတြေးလျနိုင်ငံထဲ ​ဝင်လာမယ်ဆိုရင် ​ပြည်ဝင်ခွင့် ​မပေးတာတွေ ​ဒါမှမဟုတ် ​ကျန်းမာရေး ​စစ်ဆေးမှု ​အမျိုးမျိုး ​ခံရမယ်လို့ ​အစိုးရက ​သတိပေးလိုက်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံတွေက ​ပြည်ဝင်ခွင့် ​ဗီဇာကို ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ခေတ္တ ​ရပ်နားထားတယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ပြောပါတယ်။

ဒါပေမဲ့ ​သြစတြေးလျနိုင်ငံမှာ ​အမြဲတမ်းနေထိုင်ခွင့် ​ရရှိထားတဲ့ ​အနောက်အာဖရိက ​လူမျိုးတွေကိုတော့ ​သြစတြေးလျကို ​ပြန်လည်ဝင်ရောက်ခွင့်ပေးမှာ ​ဖြစ်ပေမယ့် ​အဲဒီမတိုင်ခင် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မယ်လို့ ​ပြောပါတယ်။ ​အီဘိုလာ ​ရောဂါပိုးဟာ ​၂၁ ​ရက်ကြာ ​ရောဂါပျိုးလေ့ရှိတဲ့အတွက် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မှာဖြစ်ပြီး ​ရောဂါပိုး ​မရှိဘူးလို့ ​သေချာမှသာ ​သြစတြေးလျနိုင်ငံထဲ ​ဝင်ရောက်ခွင့်ပေးမယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံက ​ကျန်းမာရေး ​ပညာရှင်တွေကို ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကို ​ပို့ဆောင်ဖို့ ​အစိုးရကို ​တောင်းဆိုထားကြပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ပို့မယ် ​မပို့ဘူးဆိုတာကို ​အတိအလင်း ​ပြောဆိုခြင်း ​မရှိသေးပါဘူး။

အမေရိကန်ကတော့ ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်ရောက်လာသူတွေကို ​သီးသန့်ခွဲပြီး ​စောင့်ကြည့်မှုလုပ်

အမေရိကန်နိုင်ငံက ​တချို့ ​ပြည်နယ်မှာတော့ ​အနောက်အာဖရိက ​ကနေ ​ပြန်ရောက်လာတဲ့ ​ကျန်းမာရေးပညာရှင်တွေကို ​အတင်းအဓမ္မ ​စနစ်နဲ့ ​သီးသန့်ခွဲခြားပြီး ​စောင့်ကြည့်မှုတွေ ​လုပ်နေပါတယ်။

ရောဂါ ​ဖြစ်ပွားနေတဲ့ ​နိုင်ငံကနေ ​အမေရိကန်နိုင်ငံထဲ ​ပြန်လာမယ့် ​စစ်သားနဲ့ ​ကျန်းမာရေးလုပ်သား ​တချို့ကို ​သီးသန့်နေရာမှာ ​ထိန်းသိမ်းပြီး ​စောင့်ကြည့်နေတာဖြစ်ပါတယ်။

တချို့ ​စစ်သားကိုတော့ ​အီတလီနိုင်ငံမှာ ​စောင့်ကြည့်နေပြီး ​သူနာပြုတစ်ဦးကိုတော့ ​နယူးဂျာဆီပြည်နယ်က ​ဆေးရုံမှာ ​စောင့်ကြည့်နေပါတယ်။ ​ဒါပေမဲ့ ​အဲဒီ ​သူနာပြုက ​သူ့ကို ​အကျဉ်းသား ​တစ်ယောက်လို ​ထိန်းသိမ်းထားတယ်လို့ ​ဝေဖန်ပြောဆိုလာပြီးနောက် ​သူ့ရဲ့ ​နေအိမ်မှာပဲ ​ပြန်နေခွင့် ​ပြုလိုက်ပြီ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်လည်ရောက်ရှိလာသူတွေကို ​ခွဲခြား ​ဆက်ဆံတာမျိုး ​မလုပ်ဖို့ ​ပန်ကြားထားပါတယ်။

ဂျပန်လေဆိပ်မှာလည်း ​လိုင်ဘေးရီးယားက ​လာတဲ့ ​လူတစ်ဦး ​ဖျားနေတာကြောင့် ​အီဘိုလာအတွက် ​စစ်ဆေးနေ

တဆက်တည်းမှာပဲ ​လိုင်ဘေးရီးယားနိုင်ငံမှာ ​သတင်းယူခဲ့တဲ့ ​သတင်းသမား ​တစ်ယောက်ဟာ ​ဂျပန်နိုင်ငံ ​လေဆိပ်အရောက်မှာ ​အဖျားရှိကြောင်း ​တွေ့ရတဲ့အတွက် ​ဂျပန်အာဏာပိုင်တွေကလည်း ​အီဘိုလာ ​ဟုတ်မဟုတ် ​စောင့်ကြည့် ​စစ်ဆေးနေပါတယ်။

ဒီကနေ့မှာတော့ ​သွေးစစ်ထားတဲ့ ​ရလဒ်ကို ​သိရမှာ ​ဖြစ်ပါတယ်။ ​ဂျပန်အစိုးရက ​လွန်ခဲ့တဲ့ ​သောကြာနေ့ကစပြီး ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ရောက်ရှိလာသူတွေကို ​လေဆိပ်မှာ ​ကျန်းမာရေး ​စစ်ဆေးနေတာ ​ဖြစ်ပါတယ်။

ငါးနှစ်သားကို ​အမေရိကန်က ​စောင့်ကြည့်နေ

တချိန်တည်းမှာပဲ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ရောက်ရှိလာတဲ့ ​ငါးနှစ်အရွယ် ​ကလေးငယ် ​တစ်ဦး ​နေမကောင်းဖြစ်နေတဲ့အတွက် ​အီဘိုလာ ​ရောဂါ ​ဟုတ်မဟုတ် ​အမေရိကန် ​အာဏာပိုင်တွေက ​စမ်းသပ်နေပြီး ​ဒီကနေ့ ​အဖြေသိရမှာ ​ဖြစ်ပါတယ်။

လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း (Credit: AFP) 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့