မင်းနဲ့ မှချစ်တတ်ခဲ့ သူ
အရှိုက်ခက်တယ်ဆိုတဲ့ စကား
နားသိပ်မလည်ခဲ့ ပေမဲ့ 
အချစ်လွယ်သလောက်
အမုန်းခက်တဲ့ တရား
ငါကိုယ်တိုင်ခံစားနေရလို့ 
တားလို့ လည်းမရနိုင်တဲ့ အဖြစ်
ဒီအချစ်ကိုမစွန့် လွှတ်နိုင်သမျှ
ဒုက္ခတွေကိုခါးစည်း
နားညည်းတယ်ပဲပြောပြော
သောကတွေရင်မှာပွက်နေသမျှ
ရှက်နေလို့ မှလည်းမရနိုင်တော့ တာမို့ 
တစ်ခါချော့ တစ်ခါချောက်
ရောက်လာတဲ့ နောက်လူနောက်
ကောက်ကောက်ပါမသွားနိုင်ဖို့ အရေး
ထိုင်တွေးရင်းရေးလိုက်တဲ့ ဒီကဗျာ
စာမျက်နှာမှာနင်ဖတ်ဖြစ်ရင်
ကြင်နာမှုအပြည့် နဲ့ ငါ့ နှလုံးသား
အုံးစားရင်းချစ်ခဲ့ တဲ့ ငါ
အရှုံးများနဲ့ ရင်မဆိုင်ပါရစေနဲ့ 
နောက်ဆုံးမုန်းသွားခဲ့ မယ်ဆိုရင်လည်း
နည်းနည်းတော့ ပြန်စဉ်းစား
သွင်းထားခံရတဲ့ ဒီအပင်းက
မင်းနဲ့ မှချစ်တတ်ခဲ့ လို့ ပါ......
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment