Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

တစ်ယောက်ထဲ

တစ်ယောက်ထဲ အိပ်စက်ရင်း
ညရဲ့ တီးတိုးစကားသံတွေကြားမှာ
ကုန်လွန်ခဲ့တာ ကြာပြီပေါ့ ..။

တစ်ယောက်ထဲ အတွေးတွေကို
ရေတွက်နေခဲ့တာ ကြာပြီပေါ့ ..။

တစ်ယောက်ထဲ ရင်ဆိုင်
တစ်ယောက်ထဲ ဆုတောင်းနဲ့
အလင်းသစ်တစ်ခုကို
တောင့်တခဲ့တာလဲ ကြာပြီပေါ့ ..။

တစ်ယောက်ထဲ နိုးထ ၊ တစ်ယောက်ထဲပျော်ရွှင်
တစ်ယောက်ထဲ ၀မ်းနည်း
ကြောက်ရွံ့ မှုတွေကို ဖေါက်ထုတ်ရင်း
အားအင်တွေ တစ်ယောက်ထဲ
ပြန်စုစည်းခဲ့တာလဲ ကြာပြီပေါ့ ..။

နားလည်မှုတွေကို ကြိုးစားရှာဖွေ
အသိဥာဏ်တွေကို စုဆောင်းရင်း ၊ ပြန်ဖြန့်ဝေရင်း
တစ်ယောက်တည်းဘ၀ကို ဖြေသိမ့်ရင်းနဲ့ပဲ
ငါထွက်သွားရမဲ့ အချိန်ကိုရောက်လာမှာပါ  ..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့