Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 26 June 2012

ချစ်သူထံ ပေးစာ


နင့်ရဲ့ gtalk chat box လေးကိုနေ့ တိုင်းကြည့်နေရုံကလွဲပြီး ဘာမှငါမတတ်နိုင်တာထက်စာရင်..
နင့်နားမှာ သူငယ်ချင်းတစ်ယောက်အနေနဲ့  အဖြူစင်ဆုံးရှိခွင့်ရနိုင်မယ့်နေ့ ကိုသာ ငါတကယ်ကို ပိုမျှော်လင့်
နေမိတော့တာပါ...




တစ်ကယ်လို့ တစ်ချိန်ချိန်မှာ နင်နဲ့ ငါပြန်ဆုံတွေ့ ခွင့်ရခဲ့မယ်ဆိုရင် ငါနင့်ကို ပြုံးရွှင်စွာနဲ့ စတင်နှုတ်ဆက်မယ်...
နောက် အနီးအနားက ကော်ဖီဆိုင်လေးတစ်ခုမှာသွားထိုင်ဖို့ ငါစပြီးခေါ်ဖြစ်မယ် .. နင်အင်တင်တင်ဖြစ်နေမှာ ငါသိ
ပေမယ့် နင်ငါနဲ့ လိုက်ခဲ့မယ်လို့ တော့ငါမျှော်လင့်မိတယ် ..



နောက် ...နင်နဲ့ ငါမတွေ့ ဖြစ်တဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ငါတို့ နှစ်ယောက်လုံးသိပြီးသား သတင်း
တစ်ချို့ ကိုပြန်ပြောကြမယ် .. ပြီးတော့ နင်နဲ့ ငါရဲ့ လက်ရှိအလုပ်အကိုင်အကြောင်း ပြောဖြစ်ကြမယ်ထင်တယ်...


အဲဒီအထဲမှာ ပညာဘယ်လောက်တော်တော် အသက်ငယ်ရင် ရာထူးကြီးကြီးမပေးချင်ကြတဲ့ နင့်ကိုအင်တာဗျူးမေးတဲ့
လူဆိုးကြီးတွေအကြောင်းလဲပါရင်ပါမယ် ...


ဒါမှမဟုတ် Work experience ကိုအရေးအကြီးဆုံးပါဆိုပြီး အသည်းအသန်တောင်းတတ်တဲ့ နင်ပြောပြောနေကြ ခပ်ချာချာ
ငနဲ တွေအကြောင်းလဲပါမယ် … :)


ဘယ်လောက်ပဲသူတို့ ဆိုးဆိုးနောက်ဆုံးမှာ နင်နေရာတစ်ခုကို ရအောင်ယူနိုင်တယ်ဆိုတဲ့ အကြောင်းလဲပါမယ်လို့ 
ငါထင်တယ် … :)



ပြီးတော့ နင်အခုတလောဖတ်ဖြစ်နေတဲ့ စာအုပ်တွေအကြောင်းလဲငါတို့ ပြောဖြစ်နိုင်တယ် … နင် နားထောင်ဖြစ်နေတဲ့
သီချင်းတွေအကြောင်းလဲ ငါစပ်စုမိလိမ့်မယ် .. ဒါပေမယ့် နင်နဲ့ ငါနဲ့ ပြောမယ့် စကားတွေထဲမှာ နင့်ရဲ့ လက်ရှိချစ်သူ
အကြောင်းမပါဘူး … နင်ဘယ်သူ့ ကိုလက်ထက်တော့မယ်ဆိုတာမပါဘူး .. နင်နဲ့ ငါ့ရဲ့ အတိတ်ကဖြစ်ရပ်တွေ ၊ အနာဂတ်
အစီအစဉ်တွေလဲ လုံးဝပါဝင်မှာမဟုတ်ဘူး..



အဲဒီအကြောင်းတွေကို နင်လဲပြောချင်မှာ မဟုတ်သလို ငါလဲပြန်မသိချင်တော့ဘူးလေ… နင့်စိတ်ထဲမှာ နဲနဲတော့
ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်.. တစ်ချိန်ကနင့်နားမှာပဲတစ်ချိန်လုံးရှိချင်ခဲ့တဲ့ ငါ ... နင့်ရဲ့ ဘ၀လက်တွဲဖော်နေရာ
ကို အိမ်မက်မက်ခဲ့တဲ့ ငါဟာ အခုအချိန်မှာ နင်နဲ့ ငါနဲ့ အရင်ကမချစ်ခဲ့ကြသလို ၊ နင့်ရဲ့ မိတ်ဆွေသူငယ်ချင်းကောင်း
တစ်ယောက်လို ဆက်ဆံရေးမျိုးနဲ့ နင့်ကိုဆက်ဆံပေးနေတာနဲ့ ပတ်သက်လို့ ပေါ့ ...




အမှန်တကယ်တော့ နင်နဲ့ အဆက်အသွယ်မရလို့ ငါရူးမတတ်ခံစားနေရတာထက်စာရင်.. နင်ငါ့ကို မချစ်တော့ဘူးဆိုတဲ့
အတွေးတွေကြောင့် ငါညညအိပ်မရတာထက်စာရင်..



အမြဲ offline ဖြစ်နေတဲ့ နင့်ရဲ့ gtalk chat box လေးကိုနေ့ တိုင်းကြည့်နေရုံကလွဲပြီး ဘာမှငါမတတ်နိုင်တာထက်စာရင်..
မာနဆိုတဲ့ စကားလုံး ၂လုံးကြောင့်နင်နဲ့ ငါ အခုလို ကမ္ဘာတစ်ဘက်စီခြားနေရတာထက်စာရင်.. နင်နဲ့ ပြန်တွေ့ ရင်ဆိုတဲ့
အခြေအနေမျိုးတွေကို အခုလို ရူးကြောင်ကြောင်နဲ့ တစ်ယောက်ထဲ စဉ်းစားနေမိမှာထက်စာရင်.. နင့်နားမှာ
သူငယ်ချင်းတစ်ယောက်အနေနဲ့  အဖြူစင်ဆုံးရှိခွင့်ရနိုင်မယ့်နေ့ ကိုသာ ငါတကယ်ကို ပိုမျှော်လင့်နေမိတော့တာပါ...




နင်ပြောခဲ့သလိုပဲ ... ဘ၀ဟာ သိပ်တိုတောင်းပါတယ် .. လူတစ်ယောက်ကိုမုန်းဖို့ ဆိုတဲ့ အချိန်တောင်ရှိမှာ မဟုတ်ပါဘူး
ဒါ့ကြောင့် နင်ငါ့ကို မမုန်းလိုက်ပါနဲ့ ... မာနတွေလဲထားမနေပါနဲ့ ...



နင်နဲ့ ငါ ပြန်ဆုံချိန်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့  ပျော်ရွှင်စွာတစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနိုင်ဖို့ အတွက်
ကျေးဇူးပြုပြီး အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ...


ဟိုအရင်တုန်းက သူငယ်ချင်းတစ်ယောက်အတွက် ရေးပေးခဲ့တဲ့စာလေးကို အခုချိန်မှာ ကိုယ်အတွက် ပြန်ရေးရမယ်ဆို
လို့တော့ မတွေးခဲ့မိဘူး 2011 ခုနှစ် ဖေဖော်ဝါရီလမှာ ရေးခဲ့တဲ့ဒီစာလေးကို အခု ကျွန်တော်ချစ်တဲ့မိန်းကလေးဖတ်ဖို့
အတွက်ရည်ရွယ်လိုက်မိပြီး ချစ်သူလေး မင်းဒီစာကိုဖတ်ပြီး ငါ့နှလုံးသားရဲ့ သံစဉ်တွေကို နားလည်နိုင်မယ်လို့ ငါထင်မိ
တယ်မိန်းကလေး ငါနှလုံးသားရဲ့ သံစဉ်ကိုနားထောင်ပြီး လေပြေနဲ့အတူ ငါနှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို
ဝင်လာဖို့ အတွက် ငါအမြဲတံခါးဖွင့်ပေးထားတယ်ဆိုတာ မင်းသိနိုင်ပါစေ 


ငါ့ရဲ့အချစ်ရဆုံး ချစ်သူလေးဆီသို့


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့