Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 26 June 2012

နိုင်ငံတော် အရန်ဆန် အတွက် နွေစပါး တင်းပေါင်း သိန်း ၄၀ နီးပါး ၀ယ်ယူပြီး

နိုင်ငံတော် အရန်ဆန် ၀ယ်ယူမှုကို ပုဂ္ဂလိက ကုမ္ပဏီတွေ၊ နိုင်ငံတော်နဲ့ သမ၀ါယမ တို့မှ ထည့်ဝင် ငွေများနဲ့ တောင်သူတွေ ဆီက သင့်တင့်တဲ့ ဈေးနှုန်းများနဲ့
ဝယ်ယူလျက် ရှိပါတယ်။ ဒီလို ၀ယ်ယူရာမှာ လက်ရှိ အချိန်ထိ စပါးတင်းပေါင်း သိန်း ၄၀ နီးပါး ၀ယ်ယူခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံတော် အရန်ဆန် ၀ယ်ယူရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ၀ယ်ယူရာမှာ လက်ရှိ နွေစပါး ၀ယ်ယူမှုကို ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ရှိ မြို့နယ် အချို့မှာ နိုင်ငံတော် အရန်ဆန် အဖြစ် ရောင်းလိုတဲ့ တောင်သူများ ဆီမှ ဆက်လက် ၀ယ်ယူ ပေးလျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသ အတွင်း အခု အချိန်မှ အရန်ဆန် အတွက် နွေစပါး ၀ယ်ယူမှု ဆောင်ရွက် ရတာဟာ အဲ့ဒီ ဒေသရဲ့ နွေစပါး ပေါ်ချိန်ဟာ အခြား ဒေသပေါ်ချိန် တွေထက် နောက်ကျ တာကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော် အရန်ဆန် ထားရှိဖို့အတွက် အခုလို ၀ယ်ယူမှုတွေ အပြင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့ မှာလည်း နွေစပါး ရောင်းလိုတဲ့ တောင်သူတွေ ထံက ကွင်းဆင်း ၀ယ်ယူ ပေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတော် အရန်ဆန် အတွက် နွေစပါး ၀ယ်ယူမှု မှာတော့ ဧည့်မထ ၂၅ မှတ် ဆန် အမျိုးအစား ၄၅ ပေါင် ကိုက်စပါးတင်း ၁၀၀ ကို ကျပ် သုံးသိန်း နှစ်သောင်း ဈေးနှုန်းနဲ့ ၀ယ်ယူနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးစပါး ကာလ မှာတော့ နိုင်ငံတော် အရန်ဆန် အတွက် မိုးစပါးတင်း ၁၀၀ ကို ငွေကျပ် သုံးသိန်း သုံးသောင်း ဈေးနဲ့ ၀ယ်ယူ ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့