Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ပြည်တွင်း၊ ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်းအား နှစ်အလိုက် ခွင့်ပြုမှုဖြင့် စတင်လုပ်ကိုင် ခွင့်ပေး


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုကို အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ပြီး အဆိုပါ လုပ်ငန်း
လုပ်ကိုင်ခွင့်ကို တစ်နှစ်စီ နှစ်အလိုက် ခွင့်ပြုပေးတာ ဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ကျင်းပ ပြုလုပ်တဲ့ ပုဂ္ဂလိက ပြည်တွင်း အမြန်ချောပို့ စာပို့ လုပ်ငန်း United Couriser Service (UCS) မိတ်ဆက် အခမ်းအနားမှ သိရပါတယ်။

ဒီလိုဝန်ကြီး ဌာနမှ ပုဂ္ဂလိက ကုမ္ပဏီတွေကို အမြန်ချောပို့ လုပ်ငန်း ခွင့်ပြုမှုဟာ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုဖြစ်တဲ့ United Couriser Services Company ၊ Magnate Group Logstrics  Co.,Ltd နဲ့ ကစ္စပနဒီ ကုမ္ပဏီစတဲ့ ကုမ္ပဏီ ၃ ခုကို ခွင့်ပြုပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ခွင့်ပြုပေးရာမှာ ၀န်ကြီး ဌာနနဲ့ ကုမ္ပဏီများ စာချုပ် ချုပ်ဆိုမှုကို ယခုလ အတွင်း ဆောင်ရွက်ခဲ့ပြီး ၀န်ကြီးဌာနရဲ့တရားဝင် ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာကို အခွန်အခ အဖြစ် တစ်နှစ်ကို ကျပ်သိန်း ၅၀၀ ပေးသွင်းပြီး လုပ်ဆောင် ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခု မိတ်ဆက်ခဲ့တဲ့ UCS အမြန်ချောပို့ လုပ်ငန်းဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ မြိတ်နဲ့ ဘားအံမြို့ တွေကို မြို့တွင်း သာမက နယ်ဝေး ၀န်ဆောင်မှု တွေလည်း ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အမြန်ချောပို့ ၀န်ဆောင်မှုမှာ စာပို့မှု သာမက ကုန်ပစ္စည်း နမူနာများ၊ လက်ဆောင် ပစ္စည်းများနဲ့ ကိုယ်ရေး ကိုယ်တာ အသုံးအဆောင်တွေ ကိုလည်း နေ့ချင်း အရောက်ပို့ စနစ်နဲ့ဝန်ဆောင်မှု ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့