Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

သွားလာရေး ခက်ခဲသည့် ဒေသများမှ ဆေးတက္ကသိုလ် တက်ရောက် လိုသူများ ၀န်ခံကတိ လက်မှတ်ဖြင့် တက်ရောက် ရမည်


ပြည်တွင်းရဲ့ သွားလာရေး ခက်ခဲတဲ့ ဒေသတွေ အပါအ၀င် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေက ဆေးတက္ကသိုလ် တက်ရောက် လိုတဲ့ ကျောင်းသား၊
ကျောင်းသူတွေ အနေနဲ့ ကျောင်းပြီးဆုံး တဲ့အခါ မိမိတို့ ဒေသတွေမှာ ပြန်လည် တာဝန် ထမ်းဆောင်မယ် ဆိုတဲ့ ၀န်ခံကတိ လက်မှတ်နဲ့ တက်ရောက် နိုင်တယ်လို့ ဆေးသိပ္ပံပညာ ဦးစီးဌာနက သိရပါတယ်။ ဒီလို ၀န်ခံကတိ လက်မှတ် ရေးထိုးနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူ တွေဟာ အခြားဆေးတက္ကသိုလ် တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူ တွေရဲ့ ရမှတ်ထက် လျှော့နည်း နေပါ ကလည်း လက်ခံပေး သွားမှာ ဖြစ်ပါတယ်။

ဒီလို လက်ခံရာ မှာတော့ ဆေးတက္ကသိုလ် ကျောင်းသား တစ်ယောက်ရဲ့ အရည်အချင်း၊ ရမှတ် ကိုက်ညီတဲ့ သူတွေသာ ၀င်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ၀င်ခွင့် ပေးအပ်ရာ မှာတော့ တစ်နိုင်ငံလုံးရဲ့ ၀င်ခွင့် ပေးအပ်မယ့် လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ဖြစ်တဲ့ ၃၆ ဦး လက်ခံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်တဲ့ နယ်စပ်ဒေသ တွေနဲ့ လမ်းပန်း ဆက်သွယ်ရေး သွားလာမှု ခက်ခဲတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူ တွေကို ဆေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိစေနိုင်ဖို့ အခုလို သီးခြား သတ်မှတ် လက်ခံပေး သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက်လည်း အဆိုပါ ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက် ခွင့်ရရှိနိုင်ဖို့ အတွက် လျှောက်လွှာတွေ ခေါ်ယူထား တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့