Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ဈေးကွက် ၀ယ်လိုအားကြောင့် အမေရိကန် ဒေါ်လာ ငွေလဲဈေးနှုန်း ဆက်တိုက် မြင့်တက်

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် ငွေကြေး ပေါက်ဈေး ထုတ်ပြန်ချက်တွေနဲ့ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ ဈေးကွက် ၀ယ်လိုအားကြောင့်
အမေရိကန် ဒေါ်လာ ပေါက်ဈေး လဲလည်မှု တွေဟာ ဈေးနှုန်း မြင့်တက်မှုများ ဆက်တိုက် ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဧပြီလမှ စတင်ကာ နေ့စဉ် ငွေကြေး ပေါက်ဈေး စတင် သတ်မှတ်တဲ့ အချိန်က အမေရိကန် တစ်ဒေါ်လာကို မြန်မာ ငွေကျပ် ၈၂၀ ၀န်းကျင်နဲ့ ဈေးနှုန်း သတ်မှတ်ခဲ့ ပါတယ်။

ဒါပေမယ့် နိုင်ငံတော်မှ နိုင်ငံခြားငွေဘဏ် အကောင့်ရှိ သူတိုင်းကို ကားတင်သွင်း ခွင့်များ စတင်ခွင့်ပြု ပေးခဲ့တဲ့ မေလ ဒုတိယပတ်မှ စတင်ကာ အမေရိကန် ဒေါ်လာ ဈေးကွက်ဟာ ဈေးနှုန်း အနည်းငယ် မြင့်တက်မှု ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမြင့်တက် လာခဲ့ရာက အခုလ အစောပိုင်း မှာတော့ အမေရိကန် ဒေါ်လာ ပေါက်ဈေးဟာ ကျပ် ၈၄၀ ၀န်းကျင်မှာ ရှိခဲ့ပြီး အခုလ တတိယပတ်ကို ရောက်ရှိ လာချိန် မှာတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာ ငွေကျပ် ၈၅၀ ၀န်းကျင် အထိ တဖြည်းဖြည်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကနေမှ နေ့စဉ်ဈေးကွက် ၀ယ်လိုအား အပေါ် မူတည်ကာ ဈေးနှုန်းတွေ အနည်းငယ်စီ မြင့်တက် လာခဲ့ကာ ဇွန် ၂၇ ရက်နေ့ရဲ့ပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၆၇ ကျပ်အထိ ဈေးနှုန်း မြင့်တက် လာတယ်လို့ သိရပါတယ်။    ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ အခုလက်ရှိ အမေရိကန် ဒေါ်လာ ဈေးကွက် အပေါ် မူတည်ကာ ရွှေဈေးနှုန်း တွေလည်း မြင့်တက် လျက်ရှိပြီး အခုအခါ ရန်ကုန် ရွှေဈေးကွက်ရဲ့ အခေါက် ရွှေတစ်ကျပ်သားကို ကျပ် ခုနှစ်သိန်း သုံးထောင့် ငါးရာ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။ အခုလို ပြည်တွင်းရဲ့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းတွေ မြင့်တက်လာ မှုဟာ နောက်ရက် တွေမှာလည်း တဖြည်းဖြည်း ဆက်လက် မြင့်တက်နေ နိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူ တွေက သုံးသပ် ထားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့