Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

မေ့ ကိုချစ်တယ်.. မေ့ကိုလွမ်းတယ်...

ချစ်သူမေရယ်........ ဘယ်စီကိုရောက် ဘာတွေကိုလုပ် နေမလဲဆိုတာ မောင် အမြဲတွေးနေတာပါ...။ စိတ်ထဲလဲ မေ ပါ တစ်ခါတလေ စိတ်ညစ်နေတဲ့ ကြားထဲကတောင် မေ့ကို သတိတရ ရှိနေဆဲပါ..။ မေဟာ မောင့်နှလုံးသားထဲက ဘယ်လိုမှ ပျောက်မသွားပါဘူး..။  မောင်တို့ နှစ်လ ပြည့်လေး အတွက် ..... မောင်ဝမ်းသာတယ်.... ဒါပေမယ့် .. မေတစ်ယောက်တည်းရှိသလို မောင်လည်း တစ်ဖက်မှာ အလွမ်းတွေနဲ့ တစ်ယောက်တည်းပါ..။ အသက်ထက်ပင်ချစ်ရတဲ့ မေရယ်... အွိုင်လိုင်းမှာ... မေမရှိရင်းး မေအကောင့်ကိုကြည့်ပြီး စာတွေချန် စာတွေချန်ရင်း.. မျက်ရည်က ထိန်းမရစွာနဲ့ ကျလာတယ်..။ မေ ဘာတွေပဲ ဖြစ်နေပါစေ မောင် ခွင့်လွတ်နားလည်ပြီး.. မေ့ကိုချစ်တယ်ဆိုတာ.. မေသိထားတယ်ဆို မောင် ကျေနပ်သလို ပျော်လဲပျော်ပါတယ်။
အချိန်တိုင်းမှာ မေ့ကိုသတိရနေတယ်... ခုချိန်မေ ဘယ်ကိုရောက်လို့ ဘာတွေ လုပ်နေမလဲဆိုတာကို တွေးနေမိတယ်.။ မေနေမှ ကောင်းပါ့မလား ထမ္မင်းကိုကော စားရဲလာ့း နေကောကောင်းပါ့မလား.. တွေးရင်းနဲ့ မောင် စိတ်တွေက.. ၀မ်းနည်းလာတယ်..။ ဒီစာကိုရေးချိန်မှာလည်း...... မောင်မျက်ရည်တွေနဲ့ ပါ...။ မေမောင့်ကိုချစ်တယ်ဆိုတာ မောင် ယုံကြည်ပါတယ်မေရယ်... မေ့ကို လည်း မောင်တကယ်ချစ်ပါတယ်..။ တစ်နေ့မှာ မောင်တို့ တူတူ လက်တွဲ လျှောက်လှမ်းမယ့် ခရီးလေးကို
ညအိပ်တိုင်း တွေးနေမိတယ်....။ သတိရတဲ့ခါတွေမှာ.. မေနဲ့ ပြောဖူးတဲ့ စာလေးတွေ ကို ပြန်ကြည့်လိုက် မေ့ပုံလေးကို ကြည့်လိုက်နဲ့ .. မောင် လွမ်းနေမိတယ်...။ မောင်တို့ နှစ်လပြည့်လေးမှာ.. မေမအားလို့ မောင်ဝမ်းနည်းခဲ့ရပေမယ့်....... မောင် မေ့ကို တွေ့ပြီး... လက်ဆောင်နဲ့ သီချင်းလေး ပေးလိုက်ရလို့ မောင်ပျော်ပါတယ်..။ မေ ပြန်လာတဲ့ခါမောင် အကြာကြီး ဖက်ထားချင်ပါတယ်...။ အလွမ်းရက်တွေရှည်ကြာနေလို့ ပန်းလေးတွေလဲ မိုးရေထဲမှာ မောင့်လို ငိုနေပြီ...။ ပြတင်းပေါက် မှန် အပြင်ဘက်မှာ မိုးတွေ သဲသဲမဲမဲ ရွာတိုင်း.. မိုးတွေကိုကြည့်ရင်း.. မေ့ကို သတိရနေမိတယ်....။ မိုးရေထဲမှာ ငုတ်တုတ်လေးထိုင်ပြီး.. မေ့အကြောင်းတွေကို တွေးပစ်လိုက်တယ်...။  အရမ်းချစ်တော့ အရမ်းကို လွမ်းရပါတယ်မေရယ်....။
မေပြန်လာမယ့်ချိန်ကို မောင်စောင့်မျှော်နေရင်းး.....အမြဲ.. ကဗျာတွေ နေ့တိုင်းရေးဖြစ်ပါတယ်...။ ပါးပြင်က စီးကျ လာတဲ့မျက်ရည်တွေဟာ ညနက်တွေမှာ.. မိုးရေစက်တွေလို... ကဗျာစာရွက်ပေါ်ကို.. ကျ သွားတဲ့ခါမှာ... မောင် ဆက်မရေးနိုင်တော့ပဲ.. ငိုချမိတဲ့  နေ့တွေက.. အမှတ်တရ တစ်ခုပါပဲ..။ မေဟာ မောင့်နှလုံးသားမှာ အမြဲ ရှင်သန်နေတဲ့ မောင် ချစ်သူ အချစ်ဆုံးသူပါ..။
မေ သာ မောင့်ကို ထားရစ်ခဲ့ရင်  အဲ့ ထားခဲ့တဲ့နေ့ဟာ.. အရူးတစ်ပိုင်းနဲ့ ကြေကွဲလမ်းမထက်မှာ..တစ်ယောက်တည်း လျှောက်ရင်း..ဒီလောကကြီးကနေ ထွက်သွားမှာ အမှန်ပါ..။
ဘာလို့လဲဆိုတော့.... မောင့်အသက်ထက်ပင်ချစ်တဲ့ မေဟာ မောင့်ချစ်ဆုံးချစ်သူဖြစ်နေတာလေ...။ မေရဲ့ .... အသံလေးကို နားထဲစွဲလို့ တစ်ခါတလေ လမ်းသွားရင်း .... ကြားနေမိတက်တယ်...။ ရင်ထဲက ခံစားချက်တွေ ပွင့်ထွက်လာတဲ့ချိန်မှာ မျက်ရည်တွေပါ.. အတူ ပါလာတယ်..။  ဒီသီချင်းလေးကို နားထောင်ရင်း မေပြန်လာမယ့် ရက်ကို စောင့်နေမိတယ်.. မေရယ်..... မေ့ကိုအရမ်းချစ်တယ်..။ နားလည်မူတွေ ခွင့်လွတ်မူတွေ.. တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းတွေနဲ့ ...မောင်တို့  အချစ်အိမ်လေး ဆောက်မယ့်နေ့ကို မောင်စောင့်နေမိတယ်..။ မေဟာ မောင့်အချစ်ဆုံး. မောင်ဟာလည်း မေ့အချစ်ဆုံး တစ်ယောက်ပါ။
မဝေးတော့တဲ့ .. နေ့တွေကို ကျော်ဖြတ်ရင်းနဲ့ ........ မေ မောင့်စီလာမယ့်နေ့ကို... အလွမ်းမိုးတွေ အလွမ်းမျက်ရည်တွေနဲ့ မောင်စောင့်နေပါတယ်..။ မောင့်ဘ၀ လက်တွဲဖော်ဟာ မေပါ....။ ထာဝရ ချစ်နေပြီး.. ဘယ်တော့မှ မခွဲမယ့် ချစ်ခြင်းတွေနဲ့ .. မောင်မေ့ကို စောင့်နေပါတယ်...။      အရမ်းချစ်တယ်မေရယ်........http://fc04.deviantart.net/fs70/i/2010/324/3/0/cry__naruto__cry_by_arwiken-d3391lp.png
တစ်ခါတလေ.... ဇွဲကပင်တောင် ထိပ်ကိုတက်ပြီး....... မေ့ကိုချစ်တယ်..... မေ့ကိုလွမ်းတယ်လို့ အကျယ်ကြီး အော်ပစ်လိုက်ချင်တယ်.........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့