သတိပေးချက်
``ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´
``ဘာဖြစ်လို့လဲ´´
´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´

မှီနိုင်သေးတယ်
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´
စစ်အတွင်းက
တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။
ကားထဲမှ အကောင်းစား ၀တ်စုံကို ၀တ်ထားသော အသက်၄၀အရွယ်ခန့်ရှိ
လူတစ်ယောက်ထွက်လာသည်။တဲရှေ့တွင်မြေကို တူးဆွနေသော အဘွားကြီးထံ
လျှောက်သွားပြီးမေးသည်။
``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကို
ိုဝတ်ထားတဲ့ ဂျူးချာတိတ်ကလေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာ
ဝှက်ပေးခဲ့တယ်။အဲ့တဲဟာဒီတဲ လားဟင်။´´
``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´
``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´´
တန်ဖိုးမရှိသောသူ
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။
တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´
ဇာတ်သိမ်းမကောင်းတဲ့ပုံပြင်
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။
`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။
အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီး ကြော်စားလိုက်သည်။
အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ်သည်။
မဟာပညာကျော်
တစ်ခါက တောရွာတစ်ရွာတွင် မိသားစုတစ်စုရှိသည်။ ယင်းမိသားစုသည်
အလွန့်အလွန် ရိုးလှသည်။အ လှသည်။ တစ်နေ့တွင် သူတို့နွားသည် အစာစားရာမှ
အစာများထည့်ထားသောအိုးထဲသို့ ခေါင်းဝင်သွားရာ ပြန်နှုတ်လို့မရတော့ပေ။
သူတို့သည် မည်သို့လုပ်ရမည်ကို မသိနိုင်ကြသဖြင့် ခက်ခဲသော ပြဿနာကို
ဖြေရှင်းနိုင်ရန် ဦးလေးဖြစ်သူကို အကူအညီတောင်းသည်။ ဦးလေးဖြစ်သူက
သူတို့အိမ်ရောက်လာပြီး အခြေအနေကို အကဲခတ်ကြည့်ရှုသည်။
`` ဒါအလွယ်လေးပါကွာ ´´
ဦးလေးဖြစ်သူက အသေအချာနားလည်ဟန်ဖြင့်ပြောသည်။
``နွားခေါင်းကိုဖြတ်လိုက်ပေါ့´´
တူဖြစ်သူများကဦးလေးစကားအတိုင်း နွားခေါင်းကိုဖြတ်ပစ်လိုက်ကြသည်။သို့သော်လည်း
နွားခေါင်းကအိုးထဲတွင် ထုတ်မရဘဲ ဖြစ်နေဆဲပင်။ သူတို့သည် အကူအညီ
ကင်းမဲ့နေသကဲ့သို့ခံစားကြရသည်။ ဦးလေးဖြစ်သူထံ ထပ်မံအကြံဉာဏ်တောင်းပြန်သည်။
ဦးလေးဖြစ်သူက ပြောသည်။
``မခက်ပါဘူးကွာ အိုးကိုရိုက်ခွဲပစ်လိုက်ပေါ့´´
အိုးကိုရိုက်ခွဲလိုက်သောအခါ နွားခေါင်းထွက်လာသည်။ဤသို့ဖြင့်ပြဿနာသည်
ပြီးဆုံးသွားလေသည်။ လူတိုင်းက ဦးလေးဖြစ်သူ၏ မနှိုင်းယှဉ်နိုင်လောက်အောင်
အတွေးအခေါ်မြင့်မားမှုကို ချီးကျူးကြလေသည်။ ဦးလေးဖြစ်သူက သူသည် စိတ်ရှုပ်ထွေးနေကြောင်း၊စိတ်ညစ်နေကြောင်းပြောပြလေသည်။
``အခုဆို ငါဟာအသက်ကြီးလာပြီကွ။လူ့ပြည်မှာသိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူး။သေရတော့မှာပဲ။တကယ်လို့ငါသေသွားတဲ့အခါ မင်းတို့မှာ ဒီလိုပြဿနာမျိုးတွေ
ကြုံလာခဲ့ရင်တော့ မင်းတို့ကိုဘယ်သူကများ လာပြီးကူညီနိုင်ပါတော့မလဲကွာ။´´
သူဌေးနဲ့နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
စိုးရိမ်စရာမဟုတ်ပါ
ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။
လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများက
လှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက်
စိုးရိမ်လာသည်။လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ်မောနေနိုင်သည့်အပြင် အခြားသူများကိုလည်း
မစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။
``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´
သူကပြောသည်။
``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာ
ကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´
ခြေခြောက်ချောင်းအပြေး
တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့် ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။
အရာရှိကြီးကခြေမြန်တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်
အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။ သို့သော်.. အထောက်တော်ကမူ
အရေးကြီးကိစ္စဖြင့်အလျင်အမြန်သွားရမည့်ခရီးလမ်းတွင် မြင်းကိုမစီးဘဲ
လမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။
``ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´
မြင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက်ကသူ့ကိုမေးသည်။
``ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´
အထောက်တော်က သူ့အတွေးဖြင့် သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။
သတ္တိရှိပါတယ်
စစ်အရာရှိကြီးသည် စစ်သားမှားနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။
စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။
စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။မည့်သူကိုမှမမြင်ရချေ။
သို့နှင့်ကြားအောင်အော်ပြောသည်။
``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင်
ခေါင်းတစ်လုံး ပြူထွက်လာသည်။
ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။
ဘယ့်သူလက်ချက်လဲ
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။
အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည်
အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။
အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။
မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်....
ငွေဖလားကြီးမရှိတော့။

No comments:
Post a Comment