Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

တနင်္သာရီတိုင်း ဒေသကြီးတွင် ငါးမဖမ်းရ ကာလများကို သတ်မှတ်

တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ငါးလုပ်ငန်းရှင် များရဲ့ တောင်းဆိုချက် အရ ငါးသံယံဇာတများ ပိုမိုပေါများ လာစေဖို့ အတွက် တနင်္သာရီတိုင်း
ဒေသကြီးမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ များကို ငါးမဖမ်းရ ကာလ Closed Season  အဖြစ် သတ်မှတ် လိုက်တယ်လို့ အနောက် ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှာ အပတ်စဉ် ပြုလုပ်တဲ့ သားငါး ကဏ္ဍ ဆိုင်ရာ အစည်းအဝေးမှာ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ငါးမဖမ်းဆီးရ နယ်မြေ ကိုတော့ တနင်္သာရီ ငါးလုပ်ငန်း ရေပြင်ရှိ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီရဲ့ တောင်ဘက်နဲ့ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်ရဲ့ အရှေ့ဘက် ဧရိယာ အတွင်းကို သတ်မှတ် ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီလို ငါးမဖမ်းရ နယ်မြေနဲ့ ငါးမဖမ်းရ ကာလ သတ်မှတ် ခဲ့ပေမယ့် ကမ်းနီးဒေသမှာ နေထိုင် စားသောက်ကြတဲ့ ဒေသခံ ကျေးလက်နေ ရေလုပ်သားများရဲ့ စားဝတ်နေရေးနဲ့  ကမ်းနီးလှေများ ကိုတော့ စည်းကမ်းချက်များ သတ်မှတ်ကာ ငါးဖမ်းဆီးခွင့်များ ခွင့်ပြုပေး ထားတယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ငါးဖမ်း လုပ်ငန်း ဆောင်ရွက် ခွင့်ပြုထားတဲ့ ကမ်းနီး ငါးဖမ်းလှေ များကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ကတော့ ငါးဖမ်းရာမှာ စက်စွမ်းအား မြင်းကောင်ရေ ၂၅ ကောင်ထက် မပိုရခြင်း၊ အသုံးပြု ဖမ်းဆီးတဲ့ ငါးဖမ်း ကိရိယာကို စက်စွမ်းအားနဲ့ အတင်အချ ပြုလုပ်ပြီး ဖမ်းဆီးခြင်း မပြုလုပ်ဖို့နဲ့ ငါးဖမ်းဆီးရာမှာ မိရိုးဖလာ ငါးဖမ်းနည်း စနစ်များနဲ့ ဖမ်ဆီးတဲ့ လှေဖြစ်ဖို့ စတဲ့ စည်းကမ်းချက် တွေကို သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလို ခွင့်ပြုရာမှာ ငါးဖမ်းခွင့် တစ်ကြိမ်ကို ကမ်းနီး ငါးဖမ်းလှေ များကို ငါးဖမ်းရက် ၅ ရက်နဲ့ ငါးသယ်ရက်ကို ၇ ရက် ခွင့်ပြုပေး ထားတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့