Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

ယောက်ျားလေးဆိုတာ..


 
- ယောက်ျားလေးဆိုတာ ပြတ်သားတယ်။ သတ္တိရှိတယ်၊ ဦးဆောင်သူပဲ ဖြစ်ချင်တယ်။ ဒါဟာ သဘာဝပါ။ မှန်ကန်ပါတယ်။
 
အခြားတဖက်ကလည်း လောကီသားဖြစ်နေတဲ့အတွက် ချစ်သူသက်ထားနဲ့ ပဲ ဘ၀ ရဲ့ အမောအပန်းတွေကို ဖြေချင်ကြ
 
တယ်။ အဲဒီတော့ ကိုယ့်ဘ၀တောက်လျှောက်လုံး ချစ်သူသက်ထားနဲ့အတူ စစ်မှန်တဲ့ပျော်ရွှင်မှုတွေနဲ့ ပြည့်စေချင်တယ်
 
ဆိုရင်တော့ - ဒီအချက်ကလေး ၃ -ချက်တည်းအတိုင်း ကျင့်သုံးကြည့်ပေးပါ။
 
 



ဒီအချက် ၃-ချက်ထဲမှာ စစ်မှန်တဲ့အချစ်ဟာ ပြေးမလွတ်ပါဘူး။
 



(၁) ပြတ်သားပါ ကိုယ်မချစ်နိုင်တဲ့မိန်းကလေးတွေကို အားမနာပါနဲ့။ ကိုယ်ချစ်တယ်လို့ ရွေးချယ်ခဲ့တဲ့သူကိုတောင်
 
ဆက်မချစ်နိုင်တော့ဘူးလို့ထင်လာရင် စိတ်ရင်းမှန်နဲ့ ပြောပြပါ။ တောင်းပန်လိုက်ပါ။ ရည်းစားများတာ မလွန်ကျူးခဲ့ရင်
 
နှစ်ဦးနှစ်ဖက်ဘယ်သူမှ မထိခိုက်ပါဘူး။ ချစ်သူသက်ထားလို့ တကယ်ခံစားရင် သူစိတ်ဆင်းရဲစေရမယ့် အခြား
 
မိန်းကလေးတွေနဲ့ သဘာဝမကျတဲ့ အပြောအဆို အနေအထိုင်မျိုးကို မပြုလုပ်ပါနဲ့။ ပြတ်သားစွာ နေထိုင်
 
ပြောဆို ဆက်ဆံပါ။
 
 




(၂) သတ္တိရှိပါ ချစ်သူမိန်းကလေးက ကိုယ့်အတွက် စိုးရိမ်လို့ တစ်ခုခုကို တားမြစ်တဲ့အခါ ချစ်သူသက်ထားရဲ့ တား
 
မြစ်လိုက်တဲ့ စိုးရိမ်စိတ်ကို ယုံကြည်ပေးပါ။ ချစ်သူမိန်းကလေးရဲ့ စိုးရိမ်စိတ်နဲ့တားမြစ်ချက်ဟာ လူကျင့်ဝတ်နဲ့ သဘာဝ
 
ကျတယ်ဆိုရင် သတ္တိရှိစွာ နဲ့လိုက်လျောပေးလိုက်ပါ။ ဒါမှမဟုတ် ကိုယ်ဘယ်လောက်ပဲအချိန်တွေနည်းနေပလေ့စေ၊
 
ချစ်သူက ‘Let’s do it together’ လို့တောင်းဆိုလာတဲ့အခါ ဆန်းစစ်ကြည့်လိုက်ပါ။ တောင်းဆိုလိုက်တဲ့ ချစ်သူ့ရဲ့ဆန္ဒ
 
ဟာ ချစ်သူကို ကိုယ်ကြိုးပမ်းခဲ့စဉ်ကာလက ကိုယ့်ရဲ့တောင်းဆိုမှုနဲ့တူညီခဲ့တာလား။ ဟုတ်တယ်ဆိုရင် ချစ်သူတို့ရဲ့
 
ကိုယ်ပိုင်အချိန်လေးကို သူလည်းပဲ တမ်းတတာပဲလို့ ကြည်နှုးခံစားပေးပြီး လိုက်လျောပေးလိုက်ပါ။ ပတ်ဝန်းကျင်ရဲ့
 
အစ အနောက်ကို ဂရုမစိုက်ပါနဲ့။ ‘မင်း…ကြောက်လှချည်းလှကွ’ ဆိုတာက ချစ်သူနဲ့ကိုယ်ကြား ဝေးကွာစေမယ့်
 
ပတ်ဝန်းကျင်က လေတိုးသံပါ။ ‘ကြောက်လို့ မဟုတ်ဘူး၊ ချစ်လို့’ ဆိုတာမျိုးကို သတ္တိရှိစွာ ပြောပါ။
 
 




(၃) ဦးဆောင်ပါ Psycho အရ စိတ်ကောက်တတ်မှု၊ ဒေါသကြီးမှု၊ ၀မ်းနည်းမှု၊ အရွဲ့တိုက်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ
 
အားနည်းမှုတွေဟာ လူတိုင်းလိုလိုမှာ ရှိကြပါတယ်။ အဲဒီ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေထဲက စိတ်ကောက်တတ်တဲ့
 
ချစ်သူမိန်းကလေးတွေရဲ့ စိတ်အရင်းခံဟာ သူတို့ကိုယ်တိုင် ဆိုဆုံးမရလွယ်ကူတဲ့သူတွေပြန်ဖြစ်နေလို့ပဲ။ သူတို့ဟာ
 
အခြားသူတွေ ဆိုဆုံးမမှုထက် သူတို့စိတ်ကောက်နေကျသူရဲ့ ဆိုဆုံးမမှုကို ပိုပြီးလိုက်နာလွယ်သူတွေဖြစ်နေလို့ပဲ။
 
ဒါကြောင့် ချစ်သူမိန်းကလေးတွေ စိတ်ကောက်ပြီဆိုရင် သူတို့ကို ပြန်ပြီး အရွဲ့မတိုက်လိုက်ပါနဲ့။ ကိုယ်က ဦးဆောင်
 
ရသူပီပီ ချစ်သူသက်ထားထက် စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားကောင်းပေးပါ။ စိတ်ကောက်နေသောချစ်သူကို နားဝင်အောင်
 
ဆိုဆုံးမနိုင်ပါတယ်။ အချစ်မျက်စိဖြင့်သာ ကြည့်တတ်ဖို့လိုပါတယ်။ ချစ်သူကို ချစ်သောမျက်စိဖြင့်ကြည့်မည်ဆိုလျှင်
 
ချစ်သူသက်ထားဟာ ကိုယ်ကြိုးပမ်းစဉ်ကာလတုန်းကလို မပြောင်းလဲသေးတာပဲရှိနေတာပါ။ ကိုယ်က သည်းမခံနိုင်
 
တော့ရင် ပြောင်းလဲသွားတာဟာ ကိုယ့်အချစ်ပါ။ ကိုယ့်အချစ်က မပြောင်းလဲသေးဘူးဆိုရင် ချစ်သူသက်ထားနဲ့
 
လက်တွဲလျှောက်မယ့် ဘ၀လမ်းခရီးရဲ့အဆုံးထိ ချစ်သူကို ဦးဆောင်သွားပါ။




ကိုယ့်အချစ်က ပြောင်းလဲသွားပြီဆိုရင်တော့ စည်းမျဉ်း-၁ အတိုင်း ပြန်စနိုင်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့