Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ပြည်တွင်း၌ CMP စနစ်ဖြင့် ရေထွက်ပစ္စည်း ထုတ်လုပ်မှုကို ပထမဆုံး သရုပ်ပြခဲ့


ပြည်ပမှ ကုန်ကြမ်း မှာယူကာ ကုန်ချော ပြန်လည် ထုတ်လုပ်တဲ့ လက်ခစား စနစ်ဖြစ်တဲ့ CMP စနစ်ကို ပြည်တွင်းမှာ ပထမဆုံး အနေနဲ့သရုပ်ပြ ထုတ်လုပ်မှုကို
အဏ္ဏ၀ါဒေ၀ီ အအေးခန်း စက်ရုံမှာ ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်မှုဟာ CMP စနစ်နဲ့ ထုတ်လုပ်တဲ့ ငါးကုန်ကြမ်းကို အာဂျင်တီးနား နိုင်ငံက မှာယူ ထားတာ ဖြစ်ပါတယ်။ မှာယူထားတဲ့ ငါးကတော့ ပြည်တွင်းမှာ မွေးမြူမှုမရှိတဲ့ Flathead ငါးဖြစ်ပြီး အဆိုပါ ငါးရဲ့ ငါးအသားလွှာ ၅၅.၂ မက်ထရစ် တန်ချိန်ကို CMP စနစ်နဲ့ ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ မွေးမြူရေး ငါးများ၊ ပင်လယ်ပြင်မှ ဖမ်းဆီး ရမိတဲ့ ငါးများရရှိမှု လျော့နည်း နေချိန်ဖြစ်လို့ အခုလို CMP စနစ်နဲ့ အအေးခန်း စက်ရုံများမှာ လည်ပတ်မှု အတွက် အအေးခန်း စက်ရုံ များက လုပ်သားတွေ အနေနဲ့ လုပ်ခ လစာများ ပိုမိုရရှိထား နိုင်တာ ဖြစ်ပါတယ်။

ဒီလိုပြည်တွင်းက ထုတ်လုပ်တဲ့ ငါးနဲ့ ပြည်ပက တင်သွင်း လာတဲ့ ငါးကို ကုန်ချော ပြန်လည် ထုတ်လုပ်ရာမှာ လုပ်ကိုင်ပုံ အဆင့် တွေဟာ အအေးခန်း စက်ရုံများမှာ လုပ်ကိုင် နေကျ ပုံစံနဲ့ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။ အအေးခန်း စက်ရုံတွေ အနေနဲ့ CMP စနစ်ကို ပြည်တွင်းမှာ လုပ်ဆောင်မှုဟာ အခုလို ငါးရှား ပါးတဲ့ အချိန်မှာပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် CMP စနစ်နဲ့ အအေးခန်း စက်ရုံများမှာ ဆောင်ရွက် တာကြောင့် ပြည်တွင်းက ငါးသယံဇာတတွေ လျော့ပါးလာမှု ကလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့