Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

ဗဟိုဘဏ်မှ အိန္ဒိယ နိုင်ငံ၏ ဘဏ်ကိုယ်စားလှယ် ရုံးခွဲကို ပထမဆုံး ဖွင့်လှစ်ခွင့် ပေး

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အိန္ဒိယနိုင်ငံမှဘဏ်တွေ ထဲက ပထမဆုံး ဘဏ်ကိုယ်စားလှယ် ရုံးခွဲကို မြန်မာနိုင်ငံမှာ
ဖွင့်လှစ်ဖို့ ဗဟိုဘဏ်က ခွင့်ပြုပေး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယ နိုင်ငံမှ လာရောက် ဖွင့်လှစ်မယ့် ဘဏ်ကိုယ်စားလှယ် ရုံးခွဲကတော့ United Bank of India ဘဏ်ရဲ့ ကိုယ်စားလှယ် ရုံးခွဲ ဖြစ်ပါတယ်။ အဆိုပါ ဘဏ်ခွဲ ဖွင့်လှစ်ဖို့ အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ကော်မရှင် ကိုတော့ လျှောက်လွှာ မတင်ရသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဘဏ်ခွဲ ဖွင့်ဖို့ ကိုတော့ ဘယ်အချိန် စဖွင့်မယ်မလဲ ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၀ ခု ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့