Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

၂၀၀ ကျပ်ဖြင့် ရောင်းချသည့် အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ထီဆိုင်များကို နေပြည်တော်နှင့် မန္တလေးမြို့ တို့တွင် ဖွင့်လှစ်ခဲ့


အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ထီတစ်စောင်ကို ငွေကျပ် ၂၀၀ နဲ့ မူရင်းဈေး အတိုင်း ရောင်းချ ပေးနေတဲ့ အောင်ဘာလေ သိန်းဆု ဌာနခွဲရဲ့ ထီဆိုင်ကို
နေပြည်တော်နဲ့ မန္တလေးမြို့ ၂ မြို့မှာပါ ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ထီဆိုင်တွေ ကတော့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ် အခွန်ရုံး မြေညီထပ်မှာ တစ်ဆိုင်နှင့် နေပြည်တော် ၀င်းသူဇာဆိုင် အရောင်းဆိုင် အနီး မြို့မဈေးထဲမှာ တစ်ဆိုင် ဖွင့်လှစ် ရောင်းချ နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမှတ် ၁၇၆ ၊ မဟာဗန္ဓုလလမ်း ၅၃ လမ်းထိပ်၊ ပုဇွန်တောင် မြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွက် ဖွင့်လှစ်မယ့် အောင်ဘာလေ သိန်းဆု ဌာနခွဲရဲ့ ထီဆိုင် ကိုတော့ ဇူလိုင်လ ၂ နေ့မှာ စတင် ဖွင့်လှစ် ရောင်းချမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကျပ် ၂၀၀ ဈေးနှုန်းနဲ့ ရောင်းချတဲ့ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ဖွင့်လှစ်မယ့် ထီဆိုင်တွေကို လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့မှာသာ စတင် ဖွင့်လှစ်ဦးမှာ ဖြစ်ပြီး အခြားတွေ မှာတော့ လောလောဆယ် ဖွင့်လှစ်ဖို့ မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ ထီဆိုင်တွေကို ဖွင့်လှစ်ရ တာကတော့ ပြည်သူလူထုများ ထီကို ဈေးနှုန်း သက်သာစွာနဲ့ ၀ယ်ယူ ကံစမ်းနိုင်ဖို့ အတွက် ဖွင့်လှစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ ပုဂ္ဂလိက ထီဆိုင်တွေမှာ ထီတစ်စောင်ကို ၂၀၀ ကျပ်နဲ့ ရောင်းချဖို့ ပြောထား ပေမယ့်လည်း ထီဆိုင် အများစုမှာ ၂၀၀ ကျပ်ထက် ပိုမိုရောင်းချ လျက်ရှိနေ ပါတယ်။ ဒါ့ကြောင့် အဆိုပါ ပုဂ္ဂလိက ထီဆိုင် ပိုင်ရှင်တွေကို ခေါ်ယူပြီး သတိပေးမှုတွေ ပြုလုပ်နေပြီး လတ်တလော မှာတော့ အရေးယူမှုနဲ့ ပတ်သက်ပြီးတော့ ပြုလုပ်မှု မရှိသေးဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့