Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

ရခိုင်ဒေသရှိ ဒုက္ဓသည်များသို့ ကျပ်သိန်း ၁၁၀ ကျော် လှူဒါန်း

ရွှေမြင့်မိုရ် ဆရာတော်ကြီး အပါအ၀င် ကျောင်းဒယကာ၊ ဒယကာမ များနဲ့ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေတဲ့ မြန်မာပြည်သူ၊ ပြည်သားများမှ စုပေါင်းပြီး ရခိုင်
တိုင်းရင်းသား သွေးချင်း ဒုက္ခသည်များကို အလှူငွေ သိန်း ၁၁၀ ကျော် လှူဒါန်းမှု အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ရွှေမြင့်မိုရ် ကျောင်းမှ ရေစက်ချ လှူဒါန်းမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာ မှာတော့ ရွှေမြင့်မိုရ် ကျောင်းဆရာတော်မှ ငါးပါးသီလ ခံယူစေပြီး အ၀တ်အထည်များ၊ စာရေးကိရိယာ အိတ်ကြီး ၅ အိတ်နဲ့ စုစုပေါင်း အိတ်ပေါင်း ၂၂ အိတ်ကျော် ပါဝင် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ရခိုင် တိုင်းရင်းသား သွေးချင်း ဒုက္ခသည် များအား ထည့်ဝင် လှူဒါန်းချင်သူများ အနေနဲ့လည်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုဌာနခွဲ ဖြစ်တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ ရပ်ကွက်၊ မလွှကုန်းလမ်း ၄လွှာ ဘယ်လက် အမှတ် ၃၄ သို့ ကိုယ်တိုင် သွားလှူ နိုင်ရုံသာမက ဖုန်းနံပါတ် ၀၉-၇၃၀၄၄၉၂၇၊ ၀၉-၈၅၃၂၁၁၆ နဲ့ ၀၉-၇၃၀၆၄၁၀၈ သို့ ဆက်သွယ်ပြီး လှူဒါန်းမှုတွေ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့