Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

ယခုလအပြီး အဆင့်မြင့် သန့်စင်ခန်းများ ဆောက်လုပ် လျက်ရှိသည့် သီရိမင်္ဂလာဈေးသစ်

သီရိမင်္ဂလာ ဈေးသစ်မှာ အဆင့်မြင့် သန့်စင်ခန်းတွေ တည်ဆောက် လျက်ရှိပြီး ဒီလို ဆောက်လုပ် မှုကို အခု လကုန်မှာ အပြီးသတ် ဆောက်လုပ် သွားမှာ
ဖြစ်တယ်လို့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဈေးများ ဌာနမှ သိရပါတယ်။ အခုလို အဆင့်မြင့် သန့်စင်ခန်း ဆောက်လုပ် ရာမှာ အပေါ့သွားခန်း၊ အလေး သွားခန်းနဲ့ ရေချိုး ခန်းကိုပါ ထည့်သွင်း တည်ဆောက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို သန့်စင်ခန်း ဆောက်လုပ်မှုကို အဆိုပါ ဈေးအတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနကို မှတ်ပုံမတင်ဘဲ ရောင်းချလျက် ရှိတဲ့ ပန်းဆိုင်တွေ နေရာမှာ ဆောက်လုပ် နေတာ ဖြစ်ပါတယ်။

အခုလက်ရှိ မှာတော့ အဆိုပါ တရားမ၀င် ပန်းရောင်းချ သူတွေကို အဲ့ဒီ ဈေးရဲ့ကမ်းနား ဘက်ခြမ်းရှိ နေရာ ကွက်လပ်မှာ ရွှေ့ပြောင်း ရောင်းချခွင့်ပြု ထားတယ်လို့ သိရပါတယ်။ ဒ့ါအပြင် မှတ်ပုံတင် ထားတဲ့ ပျံကျ ဈေးသည် တွေကိုတော့ အဆိုပါ ဈေးရဲ့ကားပါကင် ၀င်းမှာ ယာယီရောင်းချ စေတာ ဖြစ်ပါတယ်။ အခုလက်ရှိ မှာတော့ သီရိမင်္ဂလာ ဈေးသစ် အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဈေးများ ဌာနသို့ မှတ်ပုံတင် ထားတဲ့ ဈေးသည် အရေအတွက် ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့