Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

~~~အချစ်မေးခွန်းလွှာ~~

(မေးခွန်းနံပါတ်၁
ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ အချိန်၇နှစ်စောင့်ရတယ်

ဝီစီကီကောင်းကောင်းတစ်ခွက်ရဖို့ အချိန်နှစ်နှစ်စောင့်ရတယ်

ကန်စွန်းပလိန်းတစ်ခွက်ရဖို့ ဆယ်ငါ့မိနစ်စောင့်ရတယ်

နှလုံးသားအတုတစ်ခုကိုတွေ့ရဖို့ မျက်တောင်တစ်ခတ်စာပဲစောင့်ရတယ်

ဒါပေမယ့် အချစ်စစ်ကို ရဖို့ အချိန်ဘယ်လောက်စောင့်ရလဲ

(မေးခွန်းနံပါတ်၂)

အချစ်ဆိုတာ အစကတည်းက ကိုယ့်ရင်ထဲမှာရှိနေတဲ့အရာလား

ဒါမှမဟုတ်....လူတစ်ယောက်ကိုတွေ့
တော့မှပေါက်ဖွားရှင်သန်လာတဲ့အရာလား


သူ့ကြောင့်အချစ်ဆိုတာဖြစ်ပေါ်လာတာလား။

(မေးခွန်းနံပါတ်၃)

လူတစ်ယောက်ကိုကြိုက်ပြီးမှချစ်သွားတာလား

ဒါမှမဟုတ်ချစ်ပြီးမှကြိုက်သွားတာလား

အကြိုက်နဲ့အချစ်က ဘယ်ဟာက အရင်ဖြစ်သလဲ

ဘယ်လိုရောဆက်ဆပ်နေတယ်လို့ထင်လဲ.....

(မေးခွန်းနံပါတ်၎)

ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်

နားလည်မှုတွေအပြည့်အ၀ရှိခဲ့ရင် ဘယ်တော့မှ

မဝေးဘူးလို့ထင်မိသလား အရာရာအဆင်ပြေသွားပြီ

လို့ထင်မိသလား....

(မေးခွန်းနံပါတ်၅)


လူတစ်ယောက်ကောင်းတယ် ဆိုးတယ်ဆိုတာကို

ပတ်ဝန်းကျင်အမြင်နဲ့ဆုံးဖြတ်မှာလား ဒါမှမဟုတ်

ကိုယ့်ရဲ့အမြင်နဲ့ ဆုံးဖြတ်မှာလား ဒါမှမဟုတ်

ကိုယ့်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလား........

(မေးခွန်းနံပါတ်၆)

လူတစ်ယောက်ကိုနားလည်ရတာနဲ့

ခွင့်လွတ်ရတာဘယ်ဟာက ပိုခက်လဲ

(မေးခွန်းနံပါတ်၇)

ဗယ်လင်တိုင်းဒေးရယ်..........

ကိုယ့်ချစ်သူက ကိုယ့်ကို အဖြေပေးတဲ့နေ့(သို့)

ကိုယ့်ချစ်သူကို ကိုယ်က အဖြေပေးလိုက်တဲ့နေ့

ချစ်သူတွေစဖြစ်နဲနေ့ကို

နှစ်ပတ်လည်ကြုံလာတဲ့နေ့..(Anniversary Day)

အဲ့ဒီနေ့နှစ်ခုမှာ ဘယ်နေ့က ကိုယ့်အတွက် အဓိပ္ပယ်ပိုရှိလဲ


(မေးခွန်းနံပါတ်၈)

လူတစ်ယောက်ကို တစ်ကယ်ချစ်တယ်ဆိုရင်

ကိုယ့်ရဲ့မကောင်းတဲ့အချက်တစ်ချို့တစ်လေကို

အဲ့ဒီလူအတွက်ပြောင်းလဲပစ်နိုင်တယ်ဆိုတာ

တစ်ကယ်လား................

(မေးခွန်းနံပါတ်၉)

တစ်ခါတစ်လေမှာ တစ်ချို့အချစ်တွေက လှည့်ဖြားတတ်တယ်

လူတစ်ယောက်ကို တစ်ကယ်ချစ်တယ်ထင်ပြီးမှမချစ်တာမျိုးပေါ့

လူတစ်ယောက်ကို တစ်ကယ်ချစ်မချစ်ဘယ်လိုသိနိုင်မလဲ...

(မေးခွန်းနံပါတ်၁၀)

လူတစ်ယောက်ကို တစ်ကယ်ချစ်မိတယ်ဆိုရင် ယုံကြည့်ခြင်းက

ကပ်ပါသွားတတ်လား

သူငယ်ချင်းတို့လည်း ဒီအဖြေကို
ကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းခံစားကြည့်ကြပါနော်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့