Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

နှလုံးသွေး နှင့် ရေးတဲ့ဒိုင်ယာရီ

တကယ်တော့ အမှတ်တမဲ့နဲ့ တွေ့ဆုံခြင်းမှာ အမှတ်တရ နှလုံးသားဒိုင်ယာရီတအုပ်ဖြစ်ခဲ့
မယ်လို့ ယုံတောင်မယုံခဲ့ဘူး။ ဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကို
နှလုံးသားခိုင်းစေသည့်အတိုင်း မသွေမတိမ်းလိုက်နာဆောင်ရွက်ခဲ့တာပဲ။
သက္ကရာဇ်တွေ ခြစားသွားပေမယ့် မပြတ်တွေးနေ သတိယစရာတွေကတော့ ဘယ်အချိန်ရောက်ရောက်
ရင်ထဲမှာအောင်းနေတဲ့ ငုပ်ကောင်လေးတစ်ကောင်ပေါ့။ဒို့နှစ်ယောက်ရဲ့ နှလုံးသားစကားတွေဝိုင်းဖွဲ့ပြောတတ်တဲ့ အိုအေစစ်ကျူရှင်ရှေ့က အုတ်ခုံလေးလဲ အခုတော့ ဘယ်သူတွေအတွက်
ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ ခုံတန်းလေးရဲ့ကျောဖက်က မြတ်လေးပန်းရုံလေးကတော့ အရင်အတိုင်း ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။ ပြောင်းလဲခြင်းတွေမှာနင့်ချစ်ခြင်းတွေပါ ဟောင်းနွမ်းသွားမှန်း
ငါသိလိုက်ချိန် နှလုံးသားရဲ့ သွေးမျက်ရည်တွေ ဒိုင်ယာရီမှာ စွန်းထင်ခဲ့ရတယ် ။ အတူလျှောက်ဖူးတဲ့
လမ်းတွေမှာ အချိန်အခါမဟုတ် သစ်ရွက်တွေကြွေနေသလိုပဲဟာ။ တခါတလေ လမ်းလျှောက်ရင်း ငါ့လက်တစ်ဖက်ပုံမှန်မဟုတ်ဘဲ ဘေးကိုထွက်ပြီး နင့်လက်ကလေးကိုတွဲထားသလိုနဲ့
ငါရင်ခုန်နေပေမယ့် ဘေးကဖြတ်သွားတဲ့လူတွေရဲ့ တစ်ယောက်ထဲပြုံးပြီး ၀ိဥာည်နဲ့လမ်းလျှောက်နေသလိုပဲ ဂေါက်နေလားမသိဘူးဆိုတဲ့ မှတ်ချက်မှာ ငါ့လက်တစ်ဘက် ပြန်ကျပြီးပုံမှန်ဖြစ်တော့မှ
ဒီအချိန်ဆို နင့်လက်တစ်ဖက်ကိုတွဲပြီး နင်တို့နှစ်ယောက်ပျော်နေမှာပေါ့နော်။
အခုတော့ ငါ့ဘေးနားမှာ နင့်ရဲ့ အငွေ့အသက်တွေမရှိပေမယ့် နေထွက်က နေ၀င် အိပ်မက်ထဲမှာတောင် နင်က ငါ့ရဲ့လွမ်းစိတ်ဝတ်ရုံကြား ကြမ်းပိုးတစ်ကောင်ဝင်သလိုပဲ အမြဲနှိပ်စက်နေပါလားဟာ။
နင်နဲနဲတော့များနေပြီ။ နင်ပေးခဲ့တာ နာကျင်ခြင်းဆိုပေမယ့် ကြင်နာခြင်းအကြောင်းတွေပဲ ပြန်ပြန်သတိယပြီး နာကျင်ခြင်းက ရင်ထဲမှာမရှိခဲ့ပါဘူး။ ကြယ်တွေကြွေတာမြင်ရင် ငါသေနေပြီးလားဆိုပြီး
ကိုယ့်ပါးကိုယ်ရိုက်ပြီး တစ်ယောက်တည်းအရူးဖြစ်နေမိတယ်။ကြယ်ရောင်တွေကင်း လရောင်မလင်းတဲ့ညထက် နင်မရှိတဲ့ငါ့ဘ၀ကတော့ ပိုပြီးခြောက်ချားစရာကောင်းတဲ့ သရဲမကြည့်ရဲတဲ့
သရဲကားထက်ပိုပြီး ကြောက်စရာကောင်းပါတယ်ဟာ ။
တခါတလေ ဘ၀သစ်မှာ အချစ်သစ်ကနင့်ကို ငါ့လိုများကြင်နာပါ့မလား အလိုလိုက်အကြိုက်မဆောင်ပဲ အတိတ်ကအကြောင်းတွေတူးဆွပြီး နင့်ကို အနိုင်ယူဗိုလ်ကျ လိုသမျှယူပြီး
ပိုနေတာ နင့် ဘ၀ဆိုပြီး ပစ်သွားမလားအတွေးတွေနဲ့ပေါ့။ တခါတလေ မနက်မိုးသောက် အလင်းရောက်ပြန်လဲတရေးမှ မအိပ်လိုက်ရတဲ့အသိတွေ များများလာတယ်။ တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မတော်တဆ ချောလဲပြီး အပျော်တွဲခဲ့လေသလားတောင် မတွေးချင်ပဲ တွေးနေမိတယ်။
ငါ့မှာတော့ ရင်နဲ့မဆန့်တဲ့ အလွမ်းတွေ ကာရံတွေကလဲ နှလုံးသားကိုလာ လာပြီးပိနေပြီးကဗျာတစ်ပုဒ်နဲ့ရုန်းထဖို့အင်အားတောင် ပျောက်ဆုံးနေပြီ ။
ဒါပေမယ့်လဲ ဘာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲရှိရှိ ငါကတော့ နင်နဲ့ ပတ်သက်ပြီးငါ့ နှလုံး သွေးစက်နဲ့ရေးခဲ့တဲ့ကဗျာတွေကိုပဲအမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့