Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

အလွမ်းကဗျာ

အလွမ်းကဗျာတွေ
မရေးနှင့်လေတဲ့
ပြောဖူးခဲ့သူစကား
နားမှာကြားမိပါရဲ့
တကယ်တော့
အချစ်အကြမ်းအလွမ်း
ဘယ်လိုဆန်းအောင်ရေးပါစေ
ခံစားတတ်သူတွေအတွက်တော့
ကဗျာဆိုတာ
ကာလာမပါတဲ့ရင်ထဲကအရာပါ
ကိုယ့်အတွက်ကတော့လေ
အလွမ်းတွေရင်ထဲထိ
မချိအောင်နာတော့မှ
အလွမ်းကဗျာဆိုတာ
ဖြစ်ရတာမို့
ရင်မနာရတဲ့အဖြစ်
အကြင်နာအချစ်တွေနှင့်
ပျော်ချင်ခဲ့တာပါ
အလွမ်းကဗျာတွေမရေးနှင့်ဆိုတဲ့
ကောင်မလေးရ....
အချစ်တွေပဲကမ္ဘာပြည့်
လှပနေမယ်ဆိုရင်
အကောင်းသားပေါ့ကွယ်
ခုတော့လည်း
အလွမ်းကဗျာတွေ
မရေးစေချင်သူကိုယ်တိုင်က
အလွမ်းတွေရင်ထဲထိ
မချိအောင်နာစေခဲ့ပြီမို့
မဆုံးတော့မယ့်အလွမ်းကဗျာတွေနှင့်
ဖြေမဆည်ရင်မှာနွမ်း
ကမ္ဘာဆုံးအောင်လွမ်းရုံပေါ့ကောင်မလေးရယ်။။...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့