Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

ပြည်ပ အဆက်အသွယ် ဘဏ်များ ထူထောင်ခြင်း လုပ်ငန်းများ ပြီးစီးပါက နိုင်ငံခြားဘဏ် လုပ်ငန်းများအား အပြည့်အ၀ လုပ်ကိုင် ခွင့်ပြုမည်

မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌမှ ပြည်တွင်း နိုင်ငံခြား ငွေကြေး ဈေးကွက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပုဂ္ဂလိက ဘဏ်များနဲ့ တွေ့ဆုံ
ညှိနှိုင်း ဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ အစည်းအဝေး ခန်းမ ၁ မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ AD လိုင်စင်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ် အနေနဲ့ Swift Network ချိတ်ဆက် ဆောင်ရွက်ခြင်းနဲ့ ပြည်ပ အဆက်အသွယ် ဘဏ်များ ထူထောင်ခြင်း လုပ်ငန်းများ ပြီးစီးပါက နိုင်ငံခြား ဘဏ်လုပ်ငန်း များအား အပြည့်အ၀ လုပ်ကိုင်ခွင့် ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်တွင်း နိုင်ငံခြား ငွေကြေး ဈေးကွက် ဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားစေဖို့ အတွက် ပုဂ္ဂလိက ဘဏ်များက ၀ိုင်းဝန်း ပူးပေါင်း ပါဝင်ကြ ဖို့လည်း လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်မှ ချမှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်း များကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ် ဟာလည်း နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ Swift Network ကိုဝင်ခဲ့ရာ Swift Code ရရှိနေပြီ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့