Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ
ပင်လယ်နီကြမ်းပြင်တစ်ဝိုက်မှာ ကျင်လည်ကျက်စားနေကြသော ထူးခြားဆန်းပြားသည့် ငါးမျိုးတစ်မျိုးကို ဗြိတိန်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြကြောင်း ဇွန်လ၁၃ရက်က သိရှိရသည်။ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က သိပ္ပံပညာရှင်များနှင့်အတူ ပင်လယ်နီကို မှတ်တမ်းတင်ရိုက်ကူးရန် သွားရောက်လေ့လာခဲ့ကြရာမှ
ငွေရောင်ငါးမျိုးတစ်မျိုးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ''ဒီငါးမျိုးအသစ်ကိုတွေ့ရတာ အမေဇုန်တောထဲမှာ တိရစ္ဆာန်အသစ်တစ်မျိုးကို တွေ့ရသလိုပါပဲ''ဟု အဆိုပါအဖွဲ့ကို ဦးဆောင်ခဲ့သည့် ဒေါက်တာတက်တာဆောက သူအတွေ့အကြုံကိုပြန်ပြောင်း ပြောပြသည်။ အဆိုပါ ငါးမျိုးသစ်များမှာ ပင်လယ်ရေအောက်အပူချိန် ၆၃ ဒီဂရီဖာရင်ဟိုက်မှာ ရှင်သန်နိုင်ကြကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က အရောင်တလက်လက် ထနေသော ငါးများကို SilverFish ငွေငါးများဟု တင်စားခေါ်ဝေါ်လိုက်ကြသည်။
ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများ ပြုလုပ်
ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့