Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

ခံစားချက်လေးတွေပါ.......♥♥♥

ရင်မှာအမြဲ နင်တစ်ယောက်တည်း
ဘယ်သူတွေခွဲ ငါတို့လက်တွေခိုင်ကာမြဲ
ရှေ့ဆက်လျှောက်စို့ ဘ၀ခရီးလမ်း
ဘယ်လောက်ပဲကြမ်းတမ်း ငါတချက် မပန်း
ဆက်လှမ်းနေမယ်

ထာဝစဉ် ထာဝစဉ်ဆိုပီး
မင်းလေးကို မညာချင်ပါဘူး
တကယ်တော့ ကိုယ်ဟာ
မာယာရှင်ကိုမှချစ်မိခဲ့မိတယ်

မင်းက လ
ကိုယ်က နေ
ဘယ်တော့မှမခွဲ အတူတူပဲလေ
ကောင်းကင်တစ်ခွင် တခုတည်းမှာအတူနေ
ငါတို့နှစ်ယောက်လည်း ဘယ်တော့မှမခွဲ
တို့နှစ်ဦး အချစ်ထူးလို့
နှစ်သစ်လေးတွေမှာ အချစ်လေးတွေစစ်စေလို့
ကိုယ်ဆုတောင်း တို့အချစ်မဟောင်းလို့
အမြဲသစ်လွင် အရမ်းချစ်ခင်
မင်းလေး လမ်းမခွဲလိုက်နဲ့ မေ..................

ရွှေဘုံစံမင်းသမီးလေး
ရွှေဘုံပေါ်မှာသာပျော်ပါ
ပန်းခင်းလမ်းသာလျှောက်ပါ
ဆူးခင်းလမ်းမဆင်းလာပါနဲ့
ခြေဖ၀ါးတော်နုနု ကလေး
သွေးခြေလေးဥသွားပါ့မယ်
ဖဲမွေ့ယာမှာသာလဲလျောင်းပါ
ကြမ်းခင်းမာမာမှာ မလဲလျောင်းပါနဲ့
မင်းလေးကျောပြင် နာသွားပါလိမ့်မယ်
ငါလိုအညတယောက်ကိုပြန်မချစ်ပါနဲ့
မင်းလေးဘ၀နိမ့်ကျပါလိမ့်မယ်
မင်းနဲ့ဂုဏ်ရည်တူ ကိုရွေးချယ်လို့
ရွှေဘုံပေါ်မှာသာစံပါ

အမြင့်ကိုမမှန်းပါဘူး
ငါကအနိမ့်ကမို့လို့ပါ
မမှီတဲ့ပန်း တုံးခုပီးမခူးပါဘူး
ငါက အနိမ့်ကမို့လို့ပါ
မတန်မရာလည်းမမှန်းပါဘူး
ငါ့ကိုကနိမ့်ကျနေလို့ပါ
တန်ရာတန်ရာပဲမှန်းပါတယ်
ငါ့ကိုကနိမ့်ကျနေလို့ပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့