Myanmar Environmental Rehabilitation Conservation Network MERN မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံရဲ့
သစ်တော ဥပဒေ ပြင်ဆင်ရာမှာ ပါဝင်သင့်တဲ့ အချက်အလက်ပါ စာတမ်းကို ဇွန်လကုန်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ၀န်ကြီး ဌာနသို့ တင်ပြ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ MERN အဖွဲ့ဟာ ပြည်တွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ပေါင်း ၁၇ ဖွဲ့ပါဝင်ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။
ပါဝင်တဲ့ အဖွဲ့အစည်းတွေ ကတော့ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်သူ အစုအဖွဲ့ ဖွံ့ဖြိုးရေး အသင်း၊ ဇီဝမျိုးစုံ မျိုးကွဲ သဘာဝ ထိန်းသိမ်းရေး အသင်း ဘန်ကာနဲ့ သစ်တော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေး အသင်း ဖရီဒါ အစရှိတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ တွေကို အဓိက လုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေ ပါဝင်တာ ဖြစ်ပါတယ်။
တင်သွင်းမယ့် စာတမ်းထဲမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင် ရာမှာ ပြည်သူလူထု ပူးပေါင်း ပါဝင်လာစေဖို့၊ ပြည်သူပိုင် သစ်တော များကို ခိုင်ခိုင်မာမာ ပြုလုပ်ပေး စေဖို့ စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ စာတမ်းကို ရေးဆွဲရ တာဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ၀န်ကြီး ဌာန အနေနဲ့ ပြည်တွင်းရဲ့ သစ်တော ရေးရာဆိုင်ရာ ဥပဒေကို ပြင်ဆင်ရာမှာ ထည့်သွင်း စဉ်းစား နိုင်အောင် အကြံပေး သဘောမျိုးနဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment