Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

မင်းအတွက် ကိုယ့် အချစ်က ...........

မင်းအတွက် ကို့ အချစ်က
ပြင်းပြတဲ့ဆန္ဒနဲ့ အိပ်မက်တွေ
မျှော်လင့်ခြင်းတွေ ၀ဲပျံနေတဲ့
ကောင်းကင်ပါ ..။

ဘယ်တော့မှ မဆုံးတဲ့
သမုဒ္ဒရာလို
ထာဝရ ရှင်သန်ပြီး
နက်ရှိုင်းတဲ့ ခံစားမှုတွေနဲ့ပေါ့ ..။
နွေဦးရာသီလို
ကြင်နာမှု
နှစ်လိုဖွယ် နွေးထွေးမှုနဲ့
ပျော်ရွှင်စရာ ရီမောသံလေးတွေနဲ့ပါ ..။

ရိုးရိုးလေးပေမဲ့
ကျောက်ဆောင်လိုပဲ သန်မာပါတယ်
သံမဏိဒိုင်းတစ်ချပ်လို
ဘ၀ကိုကာကွယ်ပေးမှာပါ ..။

အမြဲတမ်း ရှင်သန်ခြင်း
ထားဝရ ပျိုမြစ်ခြင်းတွေ
အမြဲတည်နေမှာ
မင်းအတွက် ကိုယ့် အချစ်ပါ............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့