Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

အချိုဆုံးစကား

ခံစားချက်တွေကို ဖေါ်ပြဖို့
စကားလုံးတွေအများကြီးရှိလိမ့်မယ် ..။

တစ်ချို့တွေက အတွေးအမျိုးမျိုး ဖြစ်စေတယ်
တစ်ချို့ကတော့ နှလုံးသားထဲအထိ ဖေါက်ထွင်းပြီ့း
တစ်ချို့ကျတော့လဲ တို့ရဲ့ ပုံစံတွေကို   ပြောင်းလဲနိုင်တယ် ..။

ချိုမြိန်တဲ့ စကားလုံးတွေ ၊ မှော်ဆန်တဲ့ စကားလုံးတွေ
ရိုးရှင်းတဲ့ စကားလုံးတွေ ၊ အင်အားရှိတဲ့ စကားလုံးတွေ ရှိသလို
တစ်ချို့စကားတွေကျတော့လဲ
နှင်းဆီပန်းလို လှပတဲ့ အရောင်နဲ့ မွှေးပျံ့တဲ့ ရနံ့တွေရှိတယ် ..။

နောက်ဆုံးပြောရရင် စကားလုံးတွေက
တို့ အတွက် မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေးကိုပါ ဆောင်ယူပေးတယ် ..။

စကားတွေ အားလုံးထဲကမှ
ငါ့ အကြိုက်ဆုံးရွေးချယ်ပါ ဆိုရင်တော့ ..

ငါ့အတွက် အပြစ်အကင်းမဲ့ဆုံး ..
ငါ့အတွက် အချိုမြိန်ဆုံး
ငါ့အတွက် ပျော်၇ွှင်ခြင်းတွေ သယ်ဆောင်လာတဲ့
မင်းနှုတ်ခမ်းက ပြောတဲ့
“ငါ့ကို မင်းချစ်တယ်” ဆိုတဲ့
အရိုးရှင်းဆုံးစကားလေးပဲ ဖြစ်လိမ့်မယ် ..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့