Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

ချစ်သူအတွက် ရွေးချယ်စရာ


 
တချို့ အထင်လွဲမှုတွေက ပြန်ဖြေရှင်းဖို့ ခက်တယ်.. တဘက်သတ်အမှန်တွေကြောင့်ဖြစ်တယ်... 

တချို့ ကလမ်း နောက်ပြန်လှည့်ဖို့ ခက်တယ်..လျှောက်လှမ်းခဲ့ရတဲ့ အကွာအဝေးကိုကြည့်မိလို့ ဖြစ်တယ်... 

တချို့ ကအလွမ်း ပြန်ရုတ်သိမ်းဖို့ ခက်တယ်.. ထားခဲ့မိတဲ့ယုံကြည်မှုတခုကြောင့်ဖြစ်တယ်... 

တချို့ အချစ်က ပြန်ဆုံစည်းဖို့ ခက်တယ်.. မာနတရားတွေကြောင့်သာလျှင်ဖြစ်တယ်...
 
 
ဒီအချိန်မှာ ရွေးချယ်စရာ ၂ လမ်းပဲရှိတယ်။
 


ပထမတစ်နည်းက ချစ်သူမရှိရင်သင့်ဘ၀ မဖြစ်ပါဘူးဆိုတာကိုသေချာရင် 

ချစ်သူရဲ့ ဆိုးတာ၊ အလိုက်မသိတာ၊ နားလည်မှုမရှိတာ၊ တစ်ကိုယ်ကောင်းဆန်တာတွေကို သဘောထားကြီးပြီး
 
ခွင့်လွတ်မပေးတာ တွေကိုစိတ်ထဲမထည့်နိုင်အောင်ကြိုးစားပါ။ ဘာပဲဖြစ်ဖြစ် ချစ်သူရဲ့အနားမှာနေရတဲ့အတွက် အထိုက်
 
အလျောက် စိတ်ချမ်းသာမှာပါ... ချစ်သူက သင်မဟုတ်တဲ့အတွက် သင့်လိုမျိုးစိတ်ဘယ်ရှိနိုင်မလဲ။
 


ဒုတိယနည်းက ချစ်သူရဲ့လုပ်ရပ်တွေက သင့်အပေါ်မှာ မတရားလာတာနဲ့အမျှ သည်းခံနိုင်စွမ်းမရှိဘူးဆိုတာ သေချာရင်
 
ချစ်ရဲ့နဲ့မုန်းပစ်လိုက်ပါ.... ရင်နာနာနဲ့လမ်းခွဲလိုက်ပါ.....အချိန်ကြာလာရင် သူမရှိပဲနေတတ်သွားမှာပါ။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့