Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

အနာဂတ် ကာလတွင် အသုံးပြု လာမည့် World Wide Web နည်းပညာများ ဟောပြောပွဲ ကျင်းပ

အနာဂတ် ကာလမှာ အသုံးပြု လာမယ့် World Wide Web နည်းပညာများနဲ့ ပတ်သက်တဲ့ ဟောပြောပွဲ တစ်ခုကို ဇွန်လ ၂၉ ရက်နေ့က မြန်မာ အင်ဖိုတက်စ်မှာ
ကျင်းပခဲ့ ပါတယ်။ အခုလို ကျင်းပရ တာကတော့ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဟောပြောပွဲမှာ နော်ဝေ နိုင်ငံမှာရှိတဲ့ Opera Software Company Ltd မှ နည်းပညာ အရာရှိချုပ်ဟာ World wide web ရဲ့ အဓိက နည်းပညာ တစ်ခုဖြစ်တဲ့ Cascading Style Sheets (CSS) ကိုလည်း စတင် အဆိုပြု တင်သွင်းခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ Web နည်းပညာ ဖြစ်ပေါ် ပြောင်းလဲလာပုံ၊ လက်ရှိ အသုံးပြုနေတဲ့ Web နည်းပညာနဲ့ အနာဂတ် ကာလမှာ မိုဘိုင်းဖုန်းများ အပါအ၀င် Device ပေါင်းစုံမှာ Web ကို အဆင်ပြေ ချောမွေ့စွာ အဆိုပြု နိုင်မယ့် နည်းပညာ တွေကို ဆွေးနွေးပေး ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့