Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 30 June 2012

အရွယ်မရောက်သူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် သွားရန် စီစဉ် ဆောင်ရွက်

အရွယ် မရောက်သေးတဲ့ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့ အတွက် စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့
Traders ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Unicef ကပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနဲ့ ကုလသမဂ္ဂ တို့ဟာ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့ အသက် မပြည့်သေးတဲ့ တပ်သားသစ် များကို လွတ်မြောက် ခွင့်ပြုရန် လုပ်ငန်း အစီအစဉ် တစ်ရပ်ကို ဇွန်လ ၂၇ ရက်နေ့က လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ နီဂမ်က အခုလို စီမံကိန်းကို လက်မှတ် ရေးထိုး လိုက်တဲ့ အတွက် ကုသလမဂ္ဂရဲ့ လုပ်ငန်း အဖွဲ့နဲ့ အစိုးရ လက်တွဲ ဆောင်ရွက် ခွင့်ရ လာပြီးတော့ နောင်ဆိုရင် ဘယ်တော့မှ ကလေး သူငယ်တွေကို စစ်သား အဖြစ် မစုဆောင်းဖို့နဲ့ စစ်ရေး အတွက် အသုံးချလို့ မရတော့ဘူး ဆိုတာကို အခိုင်အမာ အသိပေးလိုက် နိုင်တာပါပဲဟု ပြောကြား ခဲ့ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ဆောင်ရွက်မှု ကိုတော့ လာမယ့် ၄၅ ရက် အတွင်းက စတင်ကာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စစ်တပ်များကို ကလေးသူငယ် စစ်မှုထမ်းခြင်း ရှိ၊ မရှိ စစ်ဆေး သွားမှာဖြစ်ပြီး အကယ်၍ ရှိခဲ့ပါက ၄၆ ရက်နေ့က စတင်ကာ ထုတ်ပေး သွားမှာဖြစ်ပြီး ၁၈ လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကလေးငယ်တွေ ကိုတော့ ယူနီဆက် အနေနဲ့ ပညာသင်ပေးမှုများ၊ မိသားစုများနဲ့ ပြန်လည် ဆုံဆည်း စေရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်း သင်တန်းကျောင်း တွေမှာ သင်တန်းတွေ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့