Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

ဆင်မလိုက် အဝေးပြေးဈေးအား ဇူလိုင်လကုန် အပြီး တည်ဆောက်မည်

ကမာရွတ် မြို့နယ်မှာ လက်ရှိ ဆောက်လုပ် လျက်ရှိတဲ့ ဆင်မလိုက် အဝေးပြေး ဈေးမြေညီထပ်ကို ဇူလိုင်လကုန် အပြီး ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆောက်လုပ် ရာမှာလည်း ဆင်မလိုက် အဝေးပြေး ဈေးပထမထပ် ကိုတော့ ဇွန်လနဲ့ ဇူလိုင်လ တို့မှာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ၂ လ အတွင်း ဆောက်လုပ် ပြီးပါက အဆိုပါ အဆောက်အဦးရဲ့ မြေညီထပ်မှာ ဈေးရောင်းချ ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ဈေးဆိုင် ခန်းတွေရဲ့ ပုံစံကတော့ ကြမ်းခင်းကို ကြွေပြားခင်းပြီး ဆိုင်ခုံတွေ ကိုတော့ အင်္ဂတေနဲ့ ဆောက်လုပ် ထားတာဖြစ်ပါတယ်။ အဆိုပါ ဆင်မလိုက် အဝေးပြေး ဈေးကြီး ကိုတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့  Mother Construction တို့မှ ပူးပေါင်း တည်ဆောက်တာ ဖြစ်ပါတယ်။ အဲ့ဒီ အဆောက်အဦးဟာ ရှစ်ထပ် အဆောက်အဦး ဖြစ်ပြီး မြေညီထပ် မှာတော့ ဈေးဆိုင်ခန်းများ ထားရှိ သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ အထပ်တွေ ကိုတော့ အိမ်ခန်းများ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဆင်မလိုက် အဝေးပြေး ဈေးမှာတော့ ဈေးဆိုင်ခန်းပေါင်း ၄၅၆ ခန်း ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့