ကျယ်ဝန်းနက်ရှိုင်းကြီးကျယ်လှသောလောကကြီးထဲမှာရိုးသားမှုဂုဏ်ရှိကြသလို့မရိုးမသားလိမ်လည်ကောက်ကျစ်တဲ့သူတွေလည်းရှိစမြဲပါ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လည်းပြောရခက်သားပဲ။လောနဲ့မိမိဘ၀ကိုအလှဆင်ရာတွင်လည်းရိုးသားမှုဂုဏ်ကအင်မတန်အရေးပါ
တဲ့အခန်းတစ်ခုကပါဝင်နေပါတယ်။မိမိဘ၀ကိုတန်ဖိုးကြီးအောင်ပြုလုပ်နိုင်တဲ့ရိုးသားမှုဂုဏ်ကမရှိမဖြစ်လိုအပ်ပါလိမ့်မည်။
တည့်မတ်ရိုးဖြောင့်တဲ့သူတို့နှင့်လိမ်လည်ကောက်ကျစ်သူတို့၏ရေရှည်ဘ၀များကများစွာခြားနားလှပါသည်။လိမ်လည်ကောက်ကျစ်သူတို့
ကောင်းစားလျှင်လည်းတခဏတာမျှသာကြာတဲ့ကောက်ရိုးမီးသာဖြစ်သည်။တည့်မတ်ဖြောင့်မတ်သူတို့၏အောင်မြင်မှုကတခဏမဟုတ်ပဲ
တဘ၀စာမကအောင်ရေရှည်တည့်တံခိုင်မြဲစေနိုင်ပါသည်။လူဖျင်းလူမိုက်များသည်ရိုးသားမှုဂုဏ်ကိုမခံစားဖူးတော့ကောင်းမှန်းမသိကြပါ။
ရိုးသားမှုဂုဏ်ကိုသိကြသူတို့သည်ထိုဂုဏ်၏ကောင်းကျိုးကိုသိရှိနားလည်ပြီးထိုဂုဏ်၏အရသာကိုအမြဲတမ်းခံစားလိုကြသည်။
ရိုးသားခြင်းနှင့်ထုံအခြင်းကမတူညီကြပါ။ထုံအခြင်းသည်အသိပညာနည်း၍ဖြစ်ပြီးရိုးသားခြင်းကအသိလိမ္မာများ၍ဖြစ်ပေါ်လာသည်။
မရိုးသားသူသည်ပတ်ဝန်းကျင်လူလောက ကသိလာသည်နှင့်အမျှသူနယ်ပယ်ကကျဉ်းမြောင်းလာတတ်ပြီးလျှောက်လှမ်းစရာမရှိ
လုပ်ကိုင်စရာမရှိပဲအများကဲ့ရဲ့ ခြင်းခံရတတ်သည်။မရိုးသားသူတို့၏နောက်ဆုံးကအထီးကျန်သွားတတ်ပါသည်။မရိုးသားသူတစ်ယောက်၏
ဆိုးကျိုးကတော့မိမိတစ်ယောက်တည်းတင်မကမိမိ၏ဇနီးမယားသားသမီးများအထိပါထိုဒါဏ်ကိုခံကရပါလိမ့်မည်။လောကမှာရှက်စရာ
အကောင်းဆုံးမှာခါးဝတ်ပုဆိုးကျွတ်ကျချိန်မဟုတ်ပဲမရိုးသားမှုလုပ်ဆောင်ထားတာပေါ်လာသောအချိန်တွင်ရှက်စရာအကောင်းဆုံးဖြစ်သည်။
ရိုးသားစွာလုပ်ဆောင်သောသူသည်မပြီးကောင်းဟူသောကိစ္စမျိုးမရှိပေ။ရိုးသားခြင်းကြိုးစားခြင်းကတစ်နေ့မှာအလုံးစုံအောင်မြင်ပြီးစီးနိုင်
ပါသည်။ရိုးသားမှုရှိသည့်သူတစ်ယောက်၏ဇနီးမယားသားသမီးပါဂုဏ်တတ်စေနိုင်ပါသည်။ထို့ကြောင့်စကားပုံတွေတောင်ရှိခဲ့ကြတာပေါ့။
ရိုးသားမှုဂုဏ်စားမကုန် တဲ့။ရိုးသားမှုရှိသူတစ်ယောက်သည်လူသာသေသွားမည့်နာမည်ကဘယ်တော့မှသေမည်မဟုတ်ပါ။
ထို့ကြောင့်ရိုးရိုးကျင့်မြင့်မြင့်ကြံကာလောကမှာရိုးသားမှုဂုဏ်နဲ့အောင်မြင်ခြင်းပန်းတိုင်ကိုလျှောက်လှမ်းကြရအောင်ဗျာ။
(မည့်သူကိုမှမရည်၇ွယ်ပါ)
No comments:
Post a Comment