Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 27 June 2012

ဇွန်လအကုန်တွင် လှော်ကား ငါးလုပ်ငန်း စခန်းမှ ငါးသားပေါက်များ ရရှိရန် အတွက် ဆောင်ရွက် သွားမည်

လှော်ကား ငါးလုပ်ငန်း စခန်းမှ ငါးသားပေါက် များကို ယခု ဇွန်လကုန်မှာ ထုတ်လုပ် သွားဖို့ ရှိတယ်လို့ လှော်ကား ငါးလုပ်ငန်း စခန်းမှ တာဝန်ရှိသူ ပြောကြားချက်
အရ သိရပါတယ်။ ယခုနှစ် ငါးသားပေါက် ထုတ်လုပ်ရာ မှာတော့ မိုးရွာတာ နောက်ကျတဲ့ အတွက် ငါးသားပေါက် ထုတ်လုပ်မှုဟာ နောက်ကျခဲ့ ရတယ်လို့ သိရပါတယ်။ ဒီလို ငါးသားပေါက် ထုတ်လုပ်ရာမှာ လှော်ကား ငါးလုပ်ငန်း စခန်းမှ ငါးသားပေါက် ၁၄ မျိုးကို ထုတ်လုပ် ရောင်းချ ထားတာ ဖြစ်ပြီး ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူ၊ မြက်စား ငါးကြင်း၊ တောင်ပေါ် ငါးသလောက်၊ ရေချိုငါးမုန့်၊ ငါးခုံးမ၊ ငါးတန်၊ ငါးကျည်း၊ ငါးခူ အစရှိတဲ့ ငါးသားပေါက် များကို ထုတ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ငါးသားပေါက်များ ရောင်းချရာ မှာလည်း မွေးမြူမယ့် သူများကို One stop service နဲ့ ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးကျည်းသားပေါက် များကို မနှစ်က သောင်းဂဏန်းသာ ထုတ်လုပ်ခဲ့ပြီး ယခုနှစ်မှာ ငါးကျည်းသားပေါက် သိန်းဂဏန်းကျော် ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့