မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ ကမ်းရိုးတမ်း ခရီးစဉ်များ ဖြစ်တဲ့ ရန်ကုန်-မြိတ်-ရန်ကုန် အမြန် ခရီးစဉ်နဲ့ ရန်ကုန်-မြိတ်-ကော့သောင်း-မြိတ်-ရန်ကုန်
ခရီးစဉ် တွေကို ဇူလိုင်လ ၅ ရက်နေ့နဲ့ ဇူလိုင်လ ၁၇ ရက်နေ့ တို့မှာ စတင်ကာ ပြေးဆွဲ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြေးဆွဲရာမှာ တောင်ကြီး သင်္ဘော ခရီးစဉ် အမှတ် ၂၁ ကို ရန်ကုန်မှ ဇူလိုင်လ ၅ ရက်နေ့မှာ ထွက်မှာ ဖြစ်ပြီး၊ မြိတ်ကို ဇူလိုင်လ ၇ ရက်နေ့ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ မြိတ်မြို့မှ တစ်ဆင့် ဇူလိုင်လ ၁၀ ရက်နေ့မှ ထွက်ကာ ကော့သောင်းကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ကော့သောင်းမှ မြိတ်ကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ရောက်ရှိ မှာဖြစ်ပြီး မြိတ်မြို့မှ ရန်ကုန်ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနား သင်္ဘော ခရီးစဉ် အမှတ် ၁၉ ကတော့ ရန်ကုန်ကို ဇူလိုင်လ ၇ ရက် နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး ရန်ကုန်မှ မြိတ်ကို ခန့်မှန်း ထွက်ရက် ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ရန်ကုန်ကို ခန့်မှန်း ရောက်ရက် ဇူလိုင် ၂၅ ရက်နေ့မှာ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
တောင်ကြီး သင်္ဘော ခရီးစဉ် အမှတ် ၂၂ မှာ ပြေးဆွဲသွားတဲ့ ခရီးစဉ် အတိုင်း ရန်ကုန်-မြိတ်-ကော့သောင်း-မြိတ်-ရန်ကုန်ကို ခန့်မှန်း ထွက်ရက် ဇူလိုင်လ ၂၇ ရက်နေ့မှ ခန့်မှန်း ရောက်ရက် သြဂုတ်လ ၉ ရက်နေ့ အထိကို တောင်ကြီး သင်္ဘော ခရီးစဉ် အမှတ် ၂၁ ခရီးစဉ်များ အတိုင်း ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment