တကယ်လို့.....မချစ်နိုင်ရင် ရိုးသားပါ..
လှည့်စားဖို့တော့မသင့်ခဲ့ဘူး...
ကောင်မလေးဟာ...အချစ်ကို ယုံကြည်တတ်သူဆိုတာ သိသင့်တယ်..
- တကယ်လို့.....ပျော်ရွှင်မှုတခုအပျင်းပြေဖို့ အတွက်တစ်ခုပဲဆိုရင်...
ပျော်ရွှင်မှုပေးနိုင်တဲ့နေရာတွေ..အများကြီးရှိတယ်...
အပျင်းပြေလုပ်ဖို့အများကြီးရှိတယ်...
ကောင်မလေးရဲ့ နှလုံးသားကိုတော့မရွေးချယ်ခဲ့သင့်ဘူး.....
-တကယ်လို့.....မင်းရင်ထဲမှာ နှစ်နှစ်ကာကာမြတ်နိုးသူမဟုတ်ခဲ့ဘူးဆိုရင်...
မျော်လင့်ချက်မပေးခဲ့သင့်ဘူး...
အဲဒီနူညံ့တဲ့စကားလေးတွေကြောင့်..
ကောင်မလေးဘ၀ အများကြီးပြောင်းလဲပစ်နိုင်တယ်ဆိုတာ
မင်းသတိထားသင့်တယ်......
-တကယ်လို့.....မင်းက ဝေဒနာတွေပေးထားခဲ့ပြီး..ပြန်ထွက်သွားချိန်မှာ...
မင်းရဲ့ လှပတဲ့စကားလုံးတွေကြောင့်...
ကောင်မလေး ဒီဝေဒနာတွေကို..သူမသိ၊လူမသိ..ငိုကြွေးခြင်းကို.
အဖော်ပြုရင်.အလူးအလိမ့်ခံနေရရှာမယ်ဆိုတာ...မင်းသိသင့်တယ်....
-တကယ်လို့.....ကောင်မလေးထက် မင်းကို ပျော်ရွှင်မှုပိုပေးနိုင်သူ...
မင်းတန်းဖို့ထားနိုင်သူ....နောက်ထပ်ရှိသေးရင်...
ကောင်မလေးကျေနပ်တဲ့အထိ.....တောင်းပန်ပြီ ထွက်သွားသင့်တယ်....
-တကယ်လို့....မင်းမှာ..အကြောင့်ပြချက် အမျိုးမျိုးရှိခဲ့ရင်...
ကောင်မလေး နှလုံးသားကို.....ဒဏ်ရာမရစေတဲ့ နည်းလမ်းတွေသုံးပြီး
ရိုးသားစွာ...ဖွင့်ပြောခဲ့သင့်တယ်......
No comments:
Post a Comment