Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 28 June 2012

ဟိုတယ်များ အတွက် ထုတ်ပြန် ထားသည့် ညွှန်ကြားချက် များအား လိုက်နာမှု မရှိပါက အရေးယူ သွားမည်

ပြည်တွင်းရှိ ဟိုတယ်တွေမှာ ခရီးသွား ဧည့်သည်များ တည်းခိုမှု အဆင်ပြေ စေဖို့ အခန်းခ ဈေးနှုန်း အပါအ၀င် ဟိုတယ် ဆိုင်ရာ ညွှန်ကြားချက် ၅ ချက်ကို ထုတ်ပြန်
ထားပြီး လိုက်နာမှု မရှိပါက အရေးယူမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ သတင်း ထုတ်ပြန် ချက်အရ သိရပါတယ်။ အဆိုပါ ညွှန်ကြားချက်တွေ ကတော့ ဟိုတယ် အခြေခံ ဆင့်ရှိတဲ့ အခန်းခ နှုန်းထားကို အမေရိကန် ဒေါ်လာ ၁၅၀ ထက် မပိုစေဖို့၊ အခန်းခ နှုန်းထား များဟာ ကျိုးကြောင်း ဆီလျော်မှု ရှိဖို့နဲ့ ပတ်ဝန်းကျင် နိုင်ငံတွေ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက ဈေးနှုန်း ကြီးမြင့်မှု မရှိစေဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ကြိုတင် ၀ယ်ယူထားတဲ့ အခန်းခများ ဒါမှမဟုတ် နှစ်ဦး သဘော တူညီချက်နဲ့ စပေါ်တင်ကာ ၀ယ်ယူထားတဲ့ အခန်းခ နှုန်းထားများ ပြောင်းလဲမှု မရှိစေဖို့၊ ကြိုတင် ၀ယ်ယူခြင်း ဒါမှမဟုတ် စပေါ်တင်ပြီး ၀ယ်ယူခြင်း မရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်တွေနဲ့ ခရီးသွား လုပ်ငန်း ကုမ္ပဏီ တွေဟာ နှစ်ဦး နှစ်ဖက် သဘော တူညီမှု နဲ့သာ ဆောင်ရွက် နိုင်ဖို့နဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ် တွေနဲ့ ခရီးသွား လုပ်ငန်း ကုမ္ပဏီတွေ အကြား သဘော တူညီမှု ဒါမှမဟုတ် ကန်ထရိုက် ပြုလုပ်မှု စတာတွေကို စာချုပ် ချုပ်ပြီးရင် ၀န်ကြီးဌာနမှာ မှတ်ပုံတင် ထားဖို့ အစရှိတဲ့ အချက် တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီလို ထုတ်ပြန် ထားတဲ့ ညွှန်ကြားချက် တွေကို လိုက်နာ ဆောင်ရွက်မှု မရှိရင်တော့ ၀န်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်တွေမှာ လုပ်ကိုင် နေတဲ့ ပြည်ပ နိုင်ငံသား GM တွေရဲ့ ဗီဇာသက်တမ်း တိုးမြှင့်ရေး ကိစ္စတွေကို ထောက်ခံ ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်တွေ အကြား သဘောတူ ချုပ်ဆို ထားတဲ့ B.O.T စာချုပ်အရ ဟိုတယ် လုပ်ငန်း ဆောင်ရွက်ခွင့် သက်တမ်း တိုးမြှင့်ရေး ကိစ္စတွေကို ၀န်ကြီးဌာန အနေနဲ့ ပြန်လည် စဉ်းစား သုံးသပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း သတ်မှတ် ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ၀န်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်တွေက GM များ၊ ခရီးသွား ကုမ္ပဏီများမှ တာဝန်ရှိ သူများနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှု တွေကို ၃/၄ ကြိမ်ပြုလုပ် ပေးခဲ့ပေမယ့် ပြေလည်မှု မရှိသေးဘူး တာကြောင့် စည်းကမ်းချက်တွေ ထုတ်ပြန် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့